၂။ မိမိပြုလုပ်ထားသော အကောင့်နှင့် ဝင်လိုက်ပါ။
၃။ ဤစာမျက်နှာသို့ သို့ သွား၍ ပရောဂျက်ရီပို အသစ်တစ်ခု ပြုလုပ်ပါ။
၄။ မိမိစက်တွင်း git ကို မသွင်းရသေးပါက သွင်းပါ။
sudo apt-get install git-core
၅။ git အတွက် မိမိနာမည်နှင့် အီးမေးလ်များ သတ်မှတ်ပါ။
git config --global user.name "Thura Hlaing"
git config --global user.email trhura@gmail.com
၆။ git တွင် github ၏ တိုကင်ကို Github >> Account Admin >> API Token ယူ၍ သတ်မှတ်ပေးပါ။git config --global user.email trhura@gmail.com
git config --global github.token 04cbd8b4a896947c58144923de69c3c7
၇။ မိမိပရောဂျက်အတွက် စက်တွင်းတွင် ဒါရိုက်ထရီတစ်ခု ပြုလုပ်လိုက်ပါ။ ထိုနောက် ၎င်းဒါရိုက်ထရီအတွင်း ဝင်လိုက်ပါ။
mkdir -p ~/github/test-project && cd ~/github/test-project
၈။ ပရောဂျက်အတွက် README ဖိုင် ဖန်တီးလိုက်ပါ။
echo "This is a README file for test-project" > README
၉။ လက်ရှိဒါရိုက်ထရီတွင် ရီပိုတစ်ခု အစပြုရန် git ကို အောက်ပါကွန်မန်းသုံး၍ ညွှန်ကြားလိုက်ပါ။
git init
၁၀။ ခုနက ပြုလုပ်ထားသော README ဖိုင်ကို မိမိပရောဂျက်ရီပိုထဲ ထည့်ပါ။
git add README
၁၁။ ရီပိုအတွင်း မိမိ လုပ်ထားသည့် အပြောင်းအလဲများ သိမ်းပါ။
git commit -m "Added README file"
၁၂။ မိမိရီပိုအား သိမ်းမည့် github လိပ်စာ ထည့်ပေးပါ။ (test ကို မိမိနှစ်သက်ရာ အမည်တစ်ခု၊ trhura ကို မိမိ၏ github အသုံးပြုသူအမည်၊ test-project.git အား မိမိပရောဂျက်၏အမည် အသီးသီးပြောင်း၍ ရိုက်ပါ)
git remote add test https://trhura@github.com/trhura/test-project.git
၁၃။ မိမိပရောဂျက်အား github ပေါ်တင်၍ ရပါပြီ။
git push -u test master
No comments:
Post a Comment