Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

Dec 14, 2011

aptitude မိတ်​ဆက်


ကျနော် ဦး​ဘွန်​တု​ကို စ​သုံး​ကတည်းက ရီ​ပို​ဆာ​ဗာ​ထဲ​မှ ဆော့ဖ်​ဝဲ​များ သွင်း​ဖို့ ကွန်​မန်း​လိုင်း​က​ဆို​ရင် “apt-get”, ဂျီ​ယူ​အိုင်​ဆို​ရင်​တော့ “synaptic” ကို​ပဲ စွဲ​စွဲမြဲ​မြဲ သုံး​ခဲ့​ပါ​တယ်။ ရီ​ပို​ထဲ​က မဟုတ်​ပဲ တစ်​ခြား​က ကူး​ဆွဲထား​တဲ့ deb ပက်​ကေ့​တွေ သွင်း​ချင်​ရင်​တော့ ကွန်​မန်း​လိုင်း​က​ဆို​ရင် “dpkg”, ဂျီ​ယူ​အိုင်​က​ဆို​ရင် “gdebi” ကို သုံး​ပါ​တယ်။ ဦး​ဘွန်​တု ဆော့ဖ်​ဝဲ​စင်​တာ​ကို​တော့ အရမ်း​နှေး​တာ​က​တစ်​ကြောင်း၊ အချက်အလက်​တွေ စုံ​စုံလင်​လင် မ​မြင်​ရ​တာ​တစ်​ကြောင်း လုံး​ဝ မ​သုံး​ဖြစ်​ပါ။

ခုနောက်ပိုင်းမှာ ဆာ​ဗာ​တွေ​ကို sshနဲ့ ဝင်​ပြီး စီမံ​ထိန်းသိမ်း​လာ​ရ​တဲ့​အခါ ကွန်​ဆိုး(console) က​ဖြစ်​တဲ့​အတွက် ဆော့ဖ်​ဝဲ​တွေ သွင်း, ထုတ်​လုပ်​ဖို့ အရင်​က​လို “synaptic” ကို သုံး​လို့ မ​ရ​တော့​ပါ။ “apt-get” က ကိုယ့်​သွင်း​မယ့် ပက်​ကေ့​နာမည်​တွေ သိ​ရင် သွင်း​ရ လွယ်​ပေ​မဲ့ နာမည်​အတိ​အကျ မ​သိ​တဲ့ ပက်​ကေ့​တွေ အများ​ကြီး တစ်​ခု​ချင်း ရှာ​လိုက်, သွင်း​လိုက်​လုပ်​ရ​တော့​မယ်​ဆို​ရင် မ​သက်သာ​ပါ။

ဒါ​ကြောင့် အရင်​က စမ်း​ဖူး​ပေ​မဲ့ သေချာ မ​သုံး​ဖြစ်​ခဲ့​တဲ့ “aptitude” ကို ပြန်​သုံး​ဖြစ်​ပါ​တယ်။ သုံး​ရင်း​နဲ့ နည်း​နည်း အသား​ကျ​သွား​တော့ ဂျီ​ယူ​အိုင်​မှာ​တောင် “synaptic” ကို ပြန်​မ​သုံး​ချင်​တော့​ပါ။ “aptitude” ရဲ့ အဓိက အား​သာ​ချက်​တွေ​ကတော့-
  • ကွန်​မန်း​လိုင်း အခြေ​ခံ ယူ​အိုင်​ဖြစ်​တဲ့​အတွက် ဂျီ​ယူ​အိုင်​က မဟုတ်​လည်း သုံး​လို့​ရ​ပါ​တယ်။ အပေါ်​မှာ ပြော​ခဲ့​သ​လို ဆာ​ဗာ​ကို “ssh” နဲ့ ဝင်​သုံး​နေ​တဲ့​အခါ​မျိုး, “synaptic” ကို သုံး​မ​ရ​တဲ့​အခါ​မှာ အတော်​အသုံးဝင်​ပါ​တယ်။
  • ယူ​အိုင်​က ဂီး(geek)တွေ အကြိုက် ဖြစ်​ပါ​တယ်။ ကျနော်​တော့ သူ့​ယူ​အိုင်​က “synaptic”, “software-center” တို့​ထက် ပို​ပြီး သုံး​ရ ချော​ချောမွေ့​မွေ့ ရှိ​တယ်​လို့ ဂီး​ဆန်​တယ်​လို့ ခံစား​မိ​ပါ​တယ်။ :D
  • “synaptic” မှာ ဆော့ဖ်​ဝဲ​တွေ အများ​ကြီး မှတ်ထား​ပြီး သွင်း​နေ​တုန်း အကြောင်း​တစ်​ခု⁠ခု​ကြောင့် ရပ်​ပြီး ပိတ်​လိုက်​ရ​တာ​မျိုး ဖြစ်​ဖူး​မှာ​ပါ။ “synaptic” မှာ ပိတ်​ပြီး ပြန်​စ​ရင် သွင်း,ထုတ်​ဖို့ မှတ်ထား​တဲ့ ပက်​ကေ့​တွေ အကုန် ပြန်​မှတ်​ရ​ပါ​လိမ့်​မယ်။ “aptitude” ကတော့ ကိုယ် သွင်း/ထုတ်​ဖို့ မှတ်ထား​တဲ့ ပက်​ကေ့​တွေ​ကို ကရှ်(cache) ထဲ​မှာ သိမ်းထား​တာ​မို့ ပိတ်​ပြီး ပြန်ဖွင့်​လည်း မှတ်ထား​တာ​တွေ မ​ပျက်​သွား​ပါ​ဘူး။

    ကဲ... အသုံးပြု​ပုံ အခြေ​ခံ​ကို နည်း​နည်း လေ့​လာ​ကြည့်​ကြ​ရအောင်…

ဒါ​က စ​ဝင်⁠ဝင်​ချင်း မြင်​ရ​မယ့် မြင်​ကွင်း​ပါ။ အပေါ်, အောက်​သွား​ချင်​ရင် မြှား​ခ​လုပ်​တွေ​အပြင် vim, gmail တို့​က အတိုင်း j, k ကို သုံး​ပြီး သွား​နိုင်​ပါ​တယ်။ အပေါ်​ဆုံး, အောက်​ဆုံး​ကို​တော့ <Ctrl>+a, <Ctrl>+e အသီး​သီး သုံး​ပြီး သွား​နိုင်​ပါ​တယ်။ စာ​မျက်နှာ​အလိုက် အပေါ်, အောက် လှိမ့်​ဆင်း​တက်​လုပ်​ချင်​ရင် <Ctrl>+f, <Ctrl>b ကို သုံး​နိုင်​ပါ​တယ်။

ဝင်⁠ဝင်​ချင်း​မှာ သွင်း​ပြီး​သား, မ​သွင်း​ရ​သေး​တဲ့, အပ်​ဒိတ်​လုပ်​လို့​ရ​နိုင်​တဲ့ စ​သ​ဖြင့် ပက်​ကေ့​တွေ​ကို အုပ်စု​ခွဲ​ပြီး ပြ​ပေး​ထား​ပါ​တယ်။ အဲ​ဒီ​အုပ်စု​တွေ​ကို ဖြန့်​ချ​ချင်​ရင် [ ကို သုံး​ပါ။ ပြန်​လိပ်​ထား​ချင်​ရင် ] ကို သုံး​ပါ။

ပက်​ကေ့​ကို အသေး​စိတ် ကြည့်​ချင်​ရင် Enter နှိပ်​ပါ။ နောက်ပြန်​သွား​ချင်​ရင် q သုံး​ပါ။

ကိုယ်​သွင်း​ချင်​တဲ့ ပက်​ကေ့​ကို နာမည်​နဲ့ ရှာ​ချင်​ရင် / ကို သုံး​ပါ။ ရှာ​လိုက်​လို့ ရ​လာ​တဲ့ ပက်​ကေ့​တွေ​ကို သူ​က “synaptic” လို သီး​သန့်​ခွဲ မ​ပြ​ပေး​ပါ။ တစ်​ခု​ချင်း အရှေ့, နောက် n, N ကို သုံး​ပြီး ကြည့်​ရ​ပါ​တယ်။

ကိုယ်​ရှာ​တဲ့ ပက်​ကေ့​ကို တွေ့​ရင် သွင်း​ဖို့​ဆို​ရင် +, ထုတ်​ဖို့​ဆို​ရင် - ကို သုံး​ပြီး မှတ်​နိုင်​ပါ​တယ်။ သွင်း​ချင်, ထုတ်​ချင်​တာ​တွေ အကုန် မှတ်​ပြီး​ရင် g ကို​နှိပ်​ပြီး သွင်း, ထုတ်​နိုင်​ပါ​တယ်။

အပ်​ဒိတ်​လုပ်​ဖို့, မှတ်ထား​တာ​တွေ မေ့​ပစ်​ဖို့ အစ​ရှိ​တဲ့ အခြား​ဖန်​ရှင်​တွေ​ကို သုံး​ချင်​ရင်​တော့ <Ctrl>+t ကို​နှိပ် မီ​နူး​ကို ခေါ်​သုံး​နိုင်​ပါ​တယ်။

မီ​နူး​မှာ မြင်​ရ​တဲ့​အတိုင်း “aptitude” က ထွက်​တော့​မယ်​ဆို​ရင်​တော့ q နှိပ် ထွက်​နိုင်​ပါ​တယ်။ “aptitude” အသုံးပြု​ပုံ​နဲ့ ပတ်သက်​ပြီး ပြော​ချင်​တာ​ကတော့ ဒီ​လောက်​ပါ​ပဲ။ ပို​ပြီး အသေး​စိတ် သိ​ချင်​ရင်​တော့ ? နှိပ်​ပြီး အသုံးပြု​ပုံ အသေး​စိတ်​ကို ကြည့်​နိုင်​ပါ​တယ်။

“aptitude” က ကွန်​မန်း​လိုင်း အက်​ပလီ​ကေး​ရှင်း​ပီပီ စ​သုံး​ကာ​စ​မှာ သုံး​ရ​ခက်, သင်​ရ​ခက်​ပေ​မဲ့ လင်း​နက်စ်​ဆာ​ဗာ​များ​ကို စီမံ​ထိန်းသိမ်း​နေ​ရ​တဲ့​သူ​များ, လင်း​နက်စ်​ဂီး​လောင်း​များ လေ့​လာ​ထား​သင့်​တဲ့ အက်​ပလီ​ကေး​ရှင်း​တစ်​ခု​ဖြစ်​ကြောင်း ပြော​ကြား​ရင်း ဒီ​ပိုစ့်​လေး​ကို ဒီ​မှာ​ပဲ ရပ်နား​ခွင့်​ပြု​ပါ​ခင်ဗျာ။

Dec 7, 2011

ဦး​ဘွန်​တု​၌ မြန်မာ​လို​ကေး သတ်​မှတ်​အသုံးပြု​ပုံ

လိုကေး(Locale) ဆိုတာ  အကြမ်းဖျင်းအားဖြင့် ကွန်ပျူတာ စီမံစနစ် (OS) ကို မိမိရဲ့ ဒေသသုံး ဘာသာစကားနဲ့ စာရေးထုံးတွေအကြောင်း ပြောပြတာလို့ ဆိုနိုင်ပါတယ်။ လိုကေးထဲမှာ သက်ဆိုင်ရာ ဒေသဘာသာစကားရဲ့ စာလုံးစဉ်ပုံ၊ နာမည်, လိပ်စာ, ဖုန်း, အချိန်,နေ့စွဲ, နံပါတ် တွေကို ရေးသားပုံ၊ ဒေသတွင်း အသုံးပြုသော ငွေကြေးစနစ် အစရှိတာတွေကို ရေးမှတ်ထားပါတယ်။

ဦးဘွန်တုအတွက် မြန်မာလိုကေးကို မကြာသေးမီက ဆုံးပါးသွားတဲ့ သန်လွင်ဆောဖ့်မှ ကိတ် (Keith) က ​ရေးသားထားပြီးဖြစ်လို့ အင်္ဂလိပ်လိုကေးမှ မြန်မာလိုကေးကို အောက်မှာ ဖော်ပြထားသည့်အတိုင်း လွယ်ကူစွာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ပထမဆုံး မိမိရဲ့ ကွန်ပျူတာတွင်း လက်ရှိလိုကေးကို "locale" ဆိုတဲ့ ကွန်မန်းကို အသုံးပြုပြီး စစ်လိုက်ပါ။



ထွက်လာတဲ့ စာသားတွေကို အကြမ်းဖျင်းရှင်းရရင် LANG နဲ့ LANGUAUGE က လက်ရှိလိုကေးနဲ့ ဘာသာစကားကိုပြောတာပါ။ ကျန်တဲ့ LC_* တွေက နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အစရှိတာတွေကို  အသုံးပြုရေးသားမဲ့ ရေးထုံးတွေကိုပြောတာပါ။ လိုကေးအမည်တွေမှာ ရှေ့ဆုံး စာလုံးနှစ်လုံးက ဘာသာစကားကိုနဲ့ နောက်နှစ်လုံးက အရပ်ဒေသကို အသီးသီး ရည်ညွှန်းပါတယ်။ နောက်ဆုံးပိုင်းကတော့ လိုကေးမှာ အသုံးပြုထားတဲ့ encoding ကို ပြောတာပါ။ ဥပမာ - “en_US.utf8” က utf-8 encoding ကို အသုံးပြုရေးသားထားတဲ့ အမေရိကန်နိုင်ငံသုံး အင်္ဂလိပ်ဘာသာလိုကေးလို့ ဆိုလိုတာပါ။

လိုကေးဖိုင်တွေက ဖိုင်ဆိုက် ၅၀မီဂါဘိုက်လောက် ရှိတတ်တာမို့ ဟာဒ်ဒစ်နေရာ သက်သာစေဖို့ ဦးဘွန်တုထဲမှာ နေရာဒေသ နိုင်ငံအသီးသီးအတွက် ဆိုင်ရာ လိုကေးအားလုံး မထည့်ထားပါ။ မိမိ အလိုရှိရာ ဒေသဘာသာစကားအတွက် လိုကေးကို “locale-gen” ဆိုတဲ့ ကွန်မန်းကို အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။



မြန်မာစာလိုကေးအမည်ကို my_MM(.utf-8) လို့ သုံးပါတယ်။ my က မြန်မာ(ဗမာ)ဘာသာစကားကို ရည်ညွှန်းတာဖြစ်ပြီး MM က မြန်မာနိုင်ငံကို ရည်ညွှန်းတာပါ။ နောက်က encoding က မထည့်လည်း ရပါတယ်။

ဒါဆို မြန်မာစာလိုကေးကို ဖန်တီးပြီးပြီဖြစ်တဲ့အတွက် System >> Administration >> Language Support >> Text ကနေ Burmese ကို ရွေးချယ်သတ်မှတ်ပြီး မြန်မာစာလိုကေးကို အသုံးပြုနိုင်ပါပြီ။ ဒါမှမဟုတ် logout ပြန်ထွက်ပြီး GDM  Login Screen ဘယ်ဘက်အောက်ခြေနားက ဘာသာစကားမှာ ဗမာ(Burmese) ကို ရွေးပြီးလည်း အသုံးပြုနိုင်ပါတယ်။

အောက်က မြန်မာလိုကေးပြောင်းပြီး နေ့စွဲရက်စွဲတွေ မြန်မာလိုပြောင်းလဲ မြင်ရပုံပါ။



လိုကေးကို မြန်မာပြောင်းထားပြီးရင် မြန်မာဘာသာပြန်ပြီးသားရှိတဲ့ အက်ပလီကေးရှင်းတစ်ချို့ကိုလည်း  မြန်မာလို အသုံးပြုနိုင်ပါလိမ့်မယ်။


Feb 7, 2011

ဦး​ဘွန်​တု​မှ ယူ​နီ​ကုတ်​မှတ်စု​များ

မှတ်ချက်။   ။ ဦး​ဘွန်း​တု​လို့ ဆို​ထား​ပေ​မဲ့ အခြား လင်း​နက်-distros တွေ​အတွက်​လဲ အကျုံး​ဝင်​ပါ​လိမ့်​မယ်။ ဦး​ဘွန်​တု-သီး​သန့်​မဟုတ်​ပေ​မဲ့ တစ်​ချို့​အချက်အလက်​တွေ​က GNOME-သီး​သန့်​ပါ။ ကျွန်တော် GNOME မှာ​ပဲ စမ်း​ထား​ပါ​တယ်။ အခြား Desktop Enviroment တွေ​အတွက် (ဥပမာ။ KDE) အကျုံး​ဝင်​ချင်​မှ ဝင်​ပါ​လိမ့်​မယ်။

၁။ ယူ​နီ​ကုတ်​ပြောင်း⁠ပြောင်း​ချင်း မြင်သာ​တဲ့ အကျိုး​က မြန်မာ​စာစီ​စနစ် (sorting) ကို သုံး​လို့ ရ​လာ​တာ​ပါ။ အရင်​တုန်း​က ကျွန်တော် ဇော်ဂျီ​ကို သုံး​စဥ်​တုန်း​က ဖိုင်​မန်နေဂျာ(file manager)တွေ​မှာ မြန်မာ ဖိုင်​နာမည်​တွေ​ကို နာမည်​အလိုက် စီ​လို့ မ​ရ​ပါ​ဘူး။ ကျွန်တော်​စက်​ထဲ​မှာ ဖိုင်​နာမည် အတော်​များ⁠များ​ကို မြန်မာ​လို​သိမ်းထား​တဲ့​အခါ နာမည်​အလိုက် စီ​ထား​တော့ ရှာ​ရ​ဖွေ​ရ ပို​လွယ်​လာ​ပါ​တယ်။ ဖိုင်​မန်နေဂျာ​တွေ​မှ မဟုတ်​ပါ။ အခြား ယူ​နီ​ကုဒ်​ကို အသုံးပြု​တဲ့ ပ​ရို​ဂ​ရမ်​အတော်တော်​များ⁠များ​မှာ မြန်မာ​စာ​တွေ​ကို အဆင်​ချော​ချော သုံး​လို့​ရ​လာ​ပါ​တယ်။ ဥပမာ -  မြန်မာ​စာ​တွေ​ကို စီ​ချင်​ရင် တစ်​ခြား​မည်​သည့်​ဆော့ဖ်​ဝဲ​မှ မ​လို​ပဲ ကွန်​မန်း​လိုင်း​က sort ကို သုံး​ပြီး စီ​နိုင်​ပါ​တယ်။





ဒီ​အတွက် လင်း​နက်​အတွက် မြန်မာ locale ဖန်တီး​ရေးသား​ပေး​ထား​တဲ့​သူ​တွေ​ကို ကျေးဇူးတင်​ကြောင်း ပြော​လို​ပါ​တယ်။

၂။ ကျွန်တော် စမ်းသပ်​မိ​သ​လောက် လက်​ရှိ ယူ​နီ​ကုတ်​ဖောင့်​တွေ​ထဲ​မှာ ပိတောက်​တစ်​ခု​ပဲ ပြည့်⁠ပြည့်​ဝ​ဝ မှန်​မှန်ကန်​ကန် render လုပ်​နိုင်​ပါ​တယ်။ ဒါ​ကြောင့် ပိတောက်​ကို​ပဲ အမြင် သိပ်​မလှ​ပေ​မဲ့ သုံး​ဖြစ်​ပါ​တယ်။

၃။ ယူ​နီ​ကုတ် ကီး​ဘုတ်​ကို ဦး​ဘွန်​တု​မှာ သုံး​ချင်​ရင် နည်း​လမ်း အတော်​များ​များ ရှိ​ပါ​တယ်။  ပထမ​တစ်​ခု​က ကို​စေ​တန်၊ ကို​ဘောက်​တူး တို့​လုပ်​ထား​တဲ့  ကီးဘုတ်ကို သုံး​တာ​ပါ။ ကွန်​မန်း​လိုင်း​က​နေ  dpkg -i --force-all zg-mm3-kb.deb ဆို​ပြီး သွင်း​ဖို့ လို​ပါ​မယ်။ နောက်​တစ်​ခု​က ကျနော် အရင်​က ရေးထား​တဲ့ ibus ကို သုံး​ပြီး ရိုက်​နည်းပါ။ ဇော်ဂျီ​ကီး​ဘုတ်​က သိပ်​အဆင်​မ​ချော​ပေ​မဲ့ ယူ​နီ​ကုတ် ကီး​ဘုတ်​က ကျနော် စမ်း​ထား​သ​လောက် အဆင်​ပြေ​ပါ​တယ်။ ဒါ​မှ​မဟုတ် ibus မှာ​ပဲ ကိုအိမောင် ရေးထား​တဲ့​နည်းကို သုံး​ပြီး​လည်း ရိုက်​နိုင်​ပါ​တယ်။ ဒါ​ကို​တော့ ကျနော်  သေချာ မ​စမ်း​ဖြစ်​သေး​ပါ။

၄။ ကျွန်တော် သုံး​ဖူး​သ​လောက် ဝင်း​ဒိုး ပ​ရို​ဂ​ရမ်​တွေ​မှာ မြန်မာ​ဖောင့်​သုံး​ချင်​ရင် သက်ဆိုင်​ရာ ပ​ရို​ဂ​ရမ်​ရဲ့ ဆက်​တင်​မှာ ဖောင့်​ကို မိမိ နှစ်​လို​သော မြန်မာ​ဖောင့် ပြောင်းလဲ​သတ်​မှတ် ပေး​ဖို့​လို​ပါ​တယ်။ (ဥပမာ — ဂျီ​တော့​မှာ ဖောင့်​မ​ပြောင်း​ထား​ရင် မြန်မာ​စာ​တွေ​ကို လေးထောင့်​အကွက်​လေး​တွေ​ပဲ မြင်​နေ​ရ​တာ​မျိုး​ပါ။) အဲ​ဒီ​လို ဖောင့်​ပြောင်း​တာ​ရဲ့ ပြဿနာ​က မြန်မာ​ဖောင့် အတော်​များ⁠များ​ရဲ့ အင်​ဂ​လိပ်စာ စာလုံး​တွေ​က မလှ​တာ​ပါ။ ကံကောင်း​တာ​က ဦး​ဘွန်း​တု ပ​ရို​ဂ​ရမ်​တွေ​မှာ အဲ​လို ဖောင့်​ကို တိုက်ရိုက်​ကြီး သတ်​မှတ်​ပေး​စရာ​မ​လို​ပါ​ဘူး။ ဦး​ဘွန်း​တု​မှာ သက်ဆိုင်​ရာ ဘာသာ​စကား(စာသား)ကို default ဖောင့်​က render မ​လုပ်​နိုင်​ဘူး​ဆို​ရင် fontconfig ဆို​တဲ့  library ကို သုံး​ပြီး အခြား သင့်တော်​ရာ ဖောင့်​ကို ရွေးချယ် render လုပ်​ပေး​ပါ​တယ်။ ဒီ​မှာ ပြဿနာ​တစ်​ခု​က ကိုယ့်​စက်​ထဲ​မှာ မြန်မာ​ဖောင့်​တစ်​ခု​ထက် ပို​ရှိ​နေ​ရင် fontconfig က ဘယ်​ဖောင့်​ကို ရွေး​မ​လဲဆို​တာ​ပါ။

မိမိ စက်​ထဲ​မှာ မြန်မာ​ဖောင့် တစ်​ခု​ထက် ပို​ရှိ​နေ​ရင် ဘယ်​ဖောင့်​ကို​ရွေး​သလဲ​ဆို​တာ​ကို အောက်​ပါ ကွန်​မန်း​ကို အသုံးပြု​ပြီး သိရှိ​နိူင်​ပါ​တယ်။
fc-match ":lany=my"



ဆို​ပါ​စို့ — စက်​ထဲ​မှာ ဇော်ဂျီ​ကော တစ်​ခြား​ယူ​နီ​ကုတ်​ဖောင့်​တွေ​ပါ ရှိ​ရင် ပုံ​မှန်​အား​ဖြင့် fontconfig က ဇော်ဂျီ​ကို ရွေး​ပါ​လိမ့်​မယ်။ (ဇော်​ဂျီ​က ယူ​နီ​ကုတ်​ဖောင့်​တွေ​ထက် code point ပို​များ⁠များ​ပါ​လို့ နေ​ပါ​လိမ့်​မယ်။) ဒါ​ကို မိမိ​ရဲ့ home ဖိုလ်​ဒါ​အောက်​မှာ ".fonts.conf" ဆို​တဲ့ ဖိုင်​ကို အောက်​မှာ​ပြ​ထား​သ​လို ပြင်​ပေး​ဖို့ လို​ပါ​မယ်။  (padauk နေရာ​မှာ အခြား​မိမိ​နှစ်​လို​ရာ ဖောင့်​နာမည်​ကို ပြောင်း​ပါ။)

<?xml version="1.0"?>
<!DOCTYPE fontconfig SYSTEM "fonts.dtd">
<fontconfig>
  <!--- Use padauk as Default Fallback Font -->
  <match targe="pattern"> 
    <test qual="any" name="lang" compare="eq"><string>my</string></test> 
    <edit mode="assign" name="family"> 
      <string>padauk</string> 
    </edit> 
   </match> 
</fontconfig>

၅။ နောက်​ပြဿနာ တစ်​ခု​က ဖောင့်​အကြီး​အသေး​ပါ။ မြန်မာ​ဖောင့်​တွေ​ကြီး​လွန်း​တာ သေး​လွန်း​တာ ချိန်​ချင်​ရင် fontconfig ကို​ပဲ သုံး​ပြီး ပြင်​နိုင်​ပါ​တယ်။

<?xml version="1.0"?> 
<!DOCTYPE fontconfig SYSTEM "fonts.dtd"> 
<fontconfig>
  <!--- Use padauk as Default Fallback Font -->
  <match targe="pattern"> 
    <test qual="any" name="lang" compare="eq"><string>my</string></test> 
    <edit mode="assign" name="family"> 
      <string>padauk</string> 
    </edit>
    <!--- Change Font Size -->
    <edit name="pixelsize" mode="assign">
      <double>16</double>
    </edit>
   </match> 
</fontconfig>

၆။ နံပါတ် (၁) မှာ ဆို​ထား​တဲ့​အတိုင်း ကျနော်​စက်​မှာ ယူ​နီ​ကုတ်​ဖောင့်​တွေ​ထဲ​က ပိတောက်​တစ်​ခု​ပဲ အဆင်​ချော​ချော render လုပ်​နိုင်​ပါ​သေး​တယ်။ ဒါပေမဲ့ အွန်​လိုင်းပေါ်​က တစ်​ချို့ ဆိုက်​တွေ​က (ဥပမာ-MITP) မြန်မာ​သ​ရီး​ကို default လုပ်​ထား​တတ်​ပါ​တယ်။ ဒါ​ကြောင့် - မြန်မာ​သ​ရီး ဖောင့်​နဲ့ render လုပ်​ရ​မဲ့ စာသား​တွေ​ကို padauk နဲ့ ပြောင်း​ပြီး render လုပ်​ချင်​တယ် ဆို​ပါ​စို့။ " .fonts.conf" ဖိုင်​ကို အောက်​မှာ ပြ​ထား​သည့်​အတိုင်း ထပ်မံ ပြင်ဆင်​ပေး​ဖို့ လို​ပါ​လိမ့်​မယ်။

<?xml version="1.0"?> 
<!DOCTYPE fontconfig SYSTEM "fonts.dtd"> 
<fontconfig>
  <!--- Use padauk as Default Fallback Font -->
  <match targe="pattern"> 
    <test qual="any" name="lang" compare="eq"><string>my</string></test> 
    <edit mode="assign" name="family"> 
      <string>padauk</string> 
    </edit> 
  </match>
  <!-- replace myanmar3 with padauk -->
  <match targe="pattern">
    <test qual="any" name="family" compare="eq"><string>myanmar3</string></test>
    <edit mode="assign" name="family">
      <string>padauk</string>
    </edit>
  </match>
</fontconfig>
--- ဆက်​ရန် ---

Feb 5, 2011

လင်း​နက်စ်​ကို ဘာ​ကြောင့်​သုံး​သင့်​လဲ

လင်း​နက်စ်​နဲ့ ပတ်​သတ်​ပြီး အမြင်​မှား​တစ်​ချို့

- လင်း​နက်​က သာမန်​လူ​တွေ သုံး​ဖို့ မဟုတ်​ဘူး။
ကျနော် networking စ​သင်​ကာ​စ​က သင်​တန်း​မှာ သူ​များ​တွေ​ကို လင်း​နက်စ် သင်​နေ​တာ သွား​ကြည့်​ဖူး​ပါ​တယ်။ အဲ​ဒီ​တုန်း​ကတော့ အမဲ​ရောင် screen ကြီး​မှာ ကွန်​မန်း​တွေ ရိုက်​နေ​တာ​ကို​ပဲ တွေ့​တော့ လင်း​နက်စ်​ဆို​တာ ကွန်​ပြူ​တာ ကျွမ်းကျင်​ပညာ​ရှင်​တွေ​ပဲ သုံး​တာ​လို့ တွေး​မိ​ခဲ့​ဖူး​ပါ​တယ်။ လင်း​နက်စ်​အကြောင်း ကြား​ဖူး​ကာ​စ လူ​တွေ​လည်း အဲ​ဒီ​လို​ပဲ တွေး​တတ်​ပါ​တယ်။ ဟိုး​အရင်​တုန်း​က လင်း​နက်စ်​ကို ကျွမ်းကျင်​ပညာ​ရှင်​တွေ​ပဲ အဓိက သုံး​ခဲ့​ပေ​မဲ့ အခု​အချိန်​မှာ အဲ​ဒါ​က မ​မှန်​တော့​ပါ​ဘူး။ လင်း​နက်စ်​ကို အသုံးပြု​နေ​တဲ့ သာမန်​ကွန်​ပြူ​တာ​အသုံးပြု​သူ (Desktop User) တွေ သန်း​ချီ ရှိ​နေ​ပါ​ပြီ။

- လင်း​နက်စ်​က ၀င်း​ဒိုး​လောက် မလှ​ဘူး။
မှား​ပါ​တယ်။ တစ်​ကယ်​တော့ လင်း​နက်စ်​က သေချာ​ပြင်ဆင်​သုံး​တတ်​သွား​ရင် ၀င်း​ဒိုး​ထက် အပြန်​တစ်​ရာ​လောက် လှ​အောင် ဖန်တီး​နိူင်​ပါ​တယ်။ အောက်​က ဗီ​ဒီ​ယို​တွေ​ကို န​မူ​နာ​ကြည့်​နိူင်​ပါ​တယ်။
http://www.youtube.com/watch?v=Of4m0AgPv-o
http://www.youtube.com/watch?v=69bKvvDV7a0

- လင်း​နက်စ်​က သုံး​ရ​တာ ခက်​တယ်။
လင်း​နက်စ်​က သုံး​ရ​တာ မ​ခက်​ပါ​ဘူး။ ဒါပေမဲ့ ၀င်း​ဒိုး​ကို သုံး​နေ​ကြ​လူ​က လင်း​နက်စ်​ကို စ​ပြောင်း​သုံး​တာ​ဆို​ရင် လုံး​ဝ​ကွဲပြား​တဲ့ system နှစ်​ခု ဖြစ်​တဲ့ အညီ ကျင့်​သား​မ​ရ​မ​ချင်း နည်း​နည်း အခက်​တွေ့​နိူင်​ပါ​တယ်။ ကျနော်​တို့ ၀င်း​ဒိုး​ကို စ​သုံး​ကာ​စ​က​လည်း အဲ​ဒီ​လို အခက်​တွေ့​ခဲ့​တာ​ပဲ ... မဟုတ်​ဘူး​လား။

- လင်း​နက်စ်​အတွက် လုပ်​ငန်း​သုံး​ပ​ရို​ဂ​ရမ်(Application)တွေ သိပ်​မ​ရှိ​ဘူး။
ဒါ​လည်း မှား​ပါ​တယ်။ လင်း​နက်စ်​အတွက် ရေးထား​တဲ့ ပ​ရို​ဂ​ရမ်​တွေ ထောင်​ချီ​ပြီး​တော့ ရှိ​ပါ​တယ်။ လင်း​နက်စ်​က အခု​မျက်မှောက်​မှာ ၀င်း​ဒိုး​လောက် ဆောဖ့်​ဝဲ​တွေ မ​ရှိ​သေး​ဘူး​ဆို​ပေ​မဲ့ ၀င်း​ဒိုး​အတွက် ထုတ်​လုပ်​ထား​တဲ့ ပ​ရို​ဂ​ရမ်​တွေ အများ​စု​ကို လင်း​နက်စ်​မှာ ဝိုင်(Wine) ဆို​တဲ့ ပ​ရို​ဂ​ရမ်​နဲ့ အသုံးပြု​နိူင်​ပါ​တယ်။ ပြီး​တော့ အခု​နောက်​ပိုင်း ကုမ္ပဏီ အများ​စု​က ၀င်း​ဒိုး​အတွက်​သာ​မက လင်း​နက်စ်​အတွက်​ပါ ပ​ရို​ဂမ်​တွေ ထုတ်​လာ​ကြ​ပါ​ပြီ။

- လင်း​နက်​က သွင်း​ရ​ခက်​တယ်။
လုံး​ဝ လုံး​ဝ​ကို မှား​ပါ​တယ်။ လင်း​နက်စ်​လောက် သွင်း​ရ​လွယ်​တာ လင်း​နက်စ်​ပဲ ရှိ​ပါ​တယ်။ လင်း​နက်စ်​က ၀င်း​ဒိုး​ထက် သွင်း​ရ​တာ ပို​မြန်​သ​လို ပို​လဲ​လွယ်​ပါ​တယ်။ လင်း​နက်စ်​ကို မိမိ​ကွန်​ပြူ​တာ​မှာ မ​သွင်း​ပဲ စီ​ဒီ​ရွမ်​က​နေ စမ်း​သုံး​ကြည့်​လို့​တောင် ရ​ပါ​တယ်။

ဘာ​လို့ လင်း​နက်စ်​ကို သုံး​သင့်​လဲ

- လင်း​နက်စ်​က ငွေ​ကြေး​အကုန်အကျ သက်သာ​တယ်။
၀င်း​ဒိုး​ကို အသုံးပြု​ဖို့ ဒေါ်လာ​ရာ​နဲ့​ချီ​ပြီး ၀ယ်​ရ​တာ​ပါ။ မြန်မာ​ငွေ​ဆို သိန်း​ချီ​ပြီး ကျ​မှာ​ပေါ့။ ကျနော်​တို့ မြန်မာ​နိူင်​ငံ​မှာ အခု ၀င်း​ဒိုး​ကို သုံး​နေ​တာ အများ​စု​က လိုင်စင်​မဲ့ (pirate) ခိုး​သုံး​နေ​ကြ​တာ​ပါ။ ဒါ​က အခု​အချိန်​မှာ ပြဿနာ မ​ရှိ​သေး​ပေ​မဲ့ နောင်​တစ်​ချိန်​မှာ ရှိ​လာ​နိူင်​ပါ​တယ်။ လင်း​နက်စ်​ကို​တော့ အခ​မဲ့ အင်​တာ​နက်ပေါ်​က ဒေါင်း​လုပ်⁠လုပ်​ပြီး သုံးစွဲ​နိူင်​ပါ​တယ်။ ပြီး​တော့ ၀င်​ဒိုး​မှာ တစ်​ခြား ပ​ရို​ဂ​ရမ်​တွေ အများ​စု​က​လည်း ပိုက်ဆံ​ပေး​ဝယ်​ရ​တာ​ပါ။ လင်း​နက်စ် ပ​ရို​ဂ​ရမ်​တွေ အများ​စု​က အခ​မဲ့​ပါ။ ဥပမာ - ၀င်း​ဒိုး​အတွက် ရုံး​သုံး​ပ​ရို​ဂ​ရမ်(Microsoft Office) ကို ဒေါ်လာ​ရာ​ချီ​ပြီး ပေး​ဝယ်​ရ​ပါ​လိမ့်​မယ်။ ထို​နည်းတူ မိမိ ဓာတ်​ပုံ​လေး​တွေ ပြင်ဆင်​လို​ပြန်​ပြီ​ဆို​ရင် ဖို​တို​ပြင်​တဲ့ ပ​ရို​ဂ​ရမ်(Adobe Photoshop) ကို ၀ယ်​ရ​ပါ​လိမ့်​မယ်။ လင်း​နက်စ်​မှာ​တော့ Open Office, GIMP အစ​ရှိ​တဲ့ ပ​ရို​ဂ​ရမ်​တွေ​ကို အခ​မဲ့ ရ​ယူ​နိူင်​သုံးစွဲ​နိူင်​ပါ​တယ်။

- လင်း​နက်စ်​က လွတ်လပ်​မူ (Freedom) ရှိ​တယ်။
အခ​မဲ့​ဖြစ်​တာ​နဲ့ လွတ်လပ်​တာ​နဲ့ မ​တူ​ပါ​ဘူး။ တစ်​ချို့ ပ​ရို​ဂ​ရမ်​တွေ​က အခ​မဲ့ ရ​ယူ​သုံးစွဲ​နိူင်​ပေ​မဲ့ အဲ​ဒီ ပ​ရို​ဂ​ရမ်​ကို မိမိ စိတ်​ကြိုက်​ပြင်ဆင် သုံး​ဆွဲ​နိူင်​ခွင့် မ​ရှိ​သ​လို တစ်​ခြား သူ​တွေ​ကို​လည်း ပြန်လည်​မျှဝေ​ခွင့် မ​ရှိ​အောင် လိုင်စင်​တွေ​နဲ့ ကန့်သတ်​ထား​ပါ​တယ်။ အဲ​ဒါ​တွေ​ကို freeware လို့ခေါ်​ပါ​တယ်။ ဒါပေမဲ့ လင်း​နက်စ်​နဲ့ လင်း​နက်စ်​ပ​ရို​ဂ​ရမ်​အများ​စု​ကို ဘယ်​လို ရေးသား​ထား​တယ်​ဆို​တာ မိမိ​ကိုယ်တိုင် လေ့​လာ​ကြည့်​ရူ​ပြီး မိမိ​စိတ်​ကြိုက်​ပြင်ဆင် သုံးစွဲ​နိူင်​ပါ​တယ်။ ပြီး​တော့ လွတ်လွတ်​လပ်​လပ် ပြန်လည်​မျှဝေ​ခွင့် ရှိ​ပါ​တယ်။ အဲ​ဒါ​ကို free software လို့ခေါ်​ပါ​တယ်။ ၀င်း​ဒိုး​က လိုင်စင်​တွေ​နဲ့ ကန့်သတ်​ထား​လို့ လွတ်လပ်​ခွင့် လုံး​ဝ မ​ရှိ​ပါ​ဘူး။ မိမိ​က ၀ယ်​ပြီး​သွား​ရင်တောင် ကွန်​ပြူ​တာ​တစ်​လုံး​ဆို တစ်​လုံး​မှာ​ပဲ သုံး​ရ​ပါ​မယ်။ နောက်​တစ်​လုံး​မှာ သုံး​ချင်​ရင် နောက်​လိုင်စင်​တစ်​ခု ထပ်​ဝယ်​ရ​ပါ​မယ်။ လင်း​နက်စ်​မှာ​တော့ မိမိ​စိတ်​တိုင်း​ကျ လွတ်လွတ်​လပ်​လပ် သုံးစွဲ​ပြီး ပြန်လည်​မျှဝေ​နိူင်​ပါ​တယ်။

- လင်း​နက်စ်​က ပိုမို​လုံခြုံ​ပြီး ပြဿနာ​ရှင်း​တယ်။
လင်း​နက်စ်​က ၀င်း​ဒိုး​ထက် အများ​ကြီး ပို​ပြီး လုံခြုံ​စိတ်ချ​ရ​ပါ​တယ်။ ဒါ​ကြောင့်​လည်း လုံခြုံ​ရေး (Security) အဓိက ဖြစ်​တဲ့ အင်​တာ​နက်​ဆာ​ဗာ​တွေ အများ​စု​က လင်း​နက်စ်​ကို​ပဲ သုံး​ကြ​တာ​ပါ။ လင်း​နက်​ကို သုံး​ရင် BSOD (Blue Screen of Death), Virus, Worms, Trojan တွေ​ကို မေ့​ထား​နိူင်​တယ်။ Anti-Virus, Firewall တွေ အတွက်​လည်း ခေါင်း​စားစရာ လို​တော့​မှာ မဟုတ်​ဘူး။ လင်း​နက်စ်​မှာ စက်​ဟန်း​သွား​လို့ ကွန်​ပြူ​တာ ပြန်​စ​ရ​တယ်(restart) ဆို​တာ မ​ရှိ​ပါ​ဘူး။

- လင်း​နက်စ်​က ပိုမို​ယုံကြည်​စိတ်ချ​ရ​တယ်။
၀င်း​ဒိုး​က closed source၊ လင်း​နက်စ်​က open source ပါ။ Source(source code) ဆို​တာ​က ကွန်​ပြူ​တာ ပ​ရို​ဂ​ရမ်​တွေ​ကို ဘယ်​လို​ရေးသား​ထား​လဲဆို​တဲ့ နည်း​ပါ။ ဥပမာ - ပြော​ရ​ရင် ကျနော်​တို့ ကိတ်​မုန့် ၀ယ်​တယ် ဆို​ပါ​စို့။ ကိတ်​မုန့်​ကို ဘယ်​လို​ဖုတ်​ထား​တယ်​ဆို​တဲ့ အသေး​စိတ်​ကို ကျနော်​တို့ မ​သိ​နိူင်​ပါ​ဘူး။ ထို​နည်းတူ closed source ပ​ရို​ဂ​ရမ်​တွေ​ကို ဘယ်​လို​ရေးသား​ထား​ပြီး ဘာ​တွေ​လုပ်​တယ်​ဆို​တယ်​ကို ကျနော်​တို့ သေချာ မ​သိ​နိူင်​ပါ​ဘူး။ ပြဿနာ​က ကိတ်​မုန့်​ထဲ ဘာ​ပါ​တယ်​ဆို​တာ​ကို ကျနော်​တို့ သေချာ မ​သိ​နိူင်​သ​လို closed source ပ​ရို​ဂ​ရမ်​တွေ ဘာ​တွေ​လုပ်​နေ​တယ်​ဆို​တာ ကျနော်​တို့ မ​သိ​နိူင်​ပါ​ဘူး။ မိုက်​က​ရို​ဆောဖ့်​က ကျနော်​တို့​ရဲ့ အရေးကြီး​တဲ့ ကိုယ်​ရေး​ကိုယ်​တာ​အချက်အလက်​တွေ​ကို အင်​တာ​နက်​က တစ်​ဆင့်​ပြန်​ပြီး စုဆောင်း​နေ​သလား​ဆို​တာ ဘုရားသခင်​နဲ့ ဘီလ်​ဂိတ်​ပဲ သိ​ပါ​တယ်။ :P လင်း​နက်​မှာ​တော့ open source ဖြစ်​တဲ့​အတွက် ဘာ​တွေ​ဘယ်​လို ရေးသား​ထား​တယ်​ဆို​တာ​ကို လူ​တိုင်း​ကြည့်​ရူ စစ်ဆေး​နိူင်​ပါ​တယ်။ တစ်​ကယ်​လည်း ကွန်​ပြူ​တာ​ပညာ​ရှင်​များ​စွာ​က လေ့​လာ​စစ်ဆေး​နေ​တာ​ပါ။ ဒါ​ကြောင့် open source ပ​ရို​ဂ​ရမ်​တွေ​က ပို​ပြီး ယုံကြည်​စိတ်ချ​ရ​ပါ​တယ်။

- လင်း​နက်စ်​ကို လက်ဝါး​ကြီး​အုပ်​ထား​တဲ့ ကုမ္ပဏီ မ​ရှိ​ပါ​ဘူး။
၀င်း​ဒိုး​ကို ကုမ္ပဏီ​တစ်​ခု​တည်း(မိုက်​က​ရို​ဆောဖ့်)က​ပဲ လက်ဝါး​ကြီး​အုပ် ထား​တာ​ပါ။ ဥပမာ ဆို​ပါ​စို့ - မိုက်​က​ရို​ဆောဖ့်​ကို ၀င်း​ဒိုး​ကို ဆက်​မ​ထုတ်​တော့​ဘူး​ဆို​ရင် ကျနော်​တို့ ဘာ​မှ မတတ်​နိူင်​ပါ​ဘူး။ လင်း​နက်စ်​က အဲ​ဒီ​လို ကုမ္ပဏီ တစ်​ခု​တည်း​ကို မှီခို​တာ မ​ရှိ​ပါ​ဘူး။ Red Hat က ဖီ​ဒို​ရာ(Fedora) လင်း​နက်စ်​ကို ဆက်​မ​ထုတ်​တော့​ဘူး​ဆို​ရင် ကျနော်​တို့ Canonical က အူ​ဘွန်​တု(Ubuntu) လင်း​နက်စ် ကို​သုံး​နိူင်​ပါ​တယ်။ ဒါ​မှ​မဟုတ် လင်း​နက်စ်​က အထက်​မှာ​ဆို​ခဲ့​တဲ့​အတိုင်း free software ဖြစ်​တဲ့​အတွက် မိမိ​ကိုယ်တိုင် ကုမ္ပဏီ​ထောင်​ပြီး ပြန်လည်​ဖြန့်​ဝေ​လို့​ရ​ပါ​တယ်။

- လင်း​နက်​က ပိုမို​အဆင်​မြင့်​ကောင်းမွန်​တယ်။
၀င်း​ဒိုး​မှာ လုံး​ဝ မ​ဖြစ်​နိူင်​တဲ့ ပိုမို​အဆင့်​မြင့်​ကောင်းမွန်​တဲ့ နည်း​ပညာ​တွေ လင်း​နစ်​မှာ အများ​ကြီး​ပါ⁠ပါ​တယ်။ ဥပမာ ဆို​ပါ​စို - ၀င်း​ဒိုး​မှာ ကွန်​ပြူ​တာ​မှာ ရှိ​သ​မျှ ပ​ရို​ဂ​ရမ်​တွေ အားလုံး​ကို upgrade လုပ်​ဖို့ မလွယ်​ပါ​ဘူး။ window update ရှိ​ပေ​မဲ့ အဲ​ဒါ​က မိုက်​က​ရို​ဆောဖ့်​က ဆောဖ့်​ဝဲ​တွေ​ပဲ update လုပ်​နိူင်​တာ​ပါ။ တစ်​ခြား မိုက်​က​ရို​ဆော့ဖ်​က မဟုတ်​တဲ့ ဆောဖ့်​ဝဲ​တွေ (Winzip, Winrar, Firefox, Nero Burning, PowerDVD ...) အစ​ရှိ​တာ​တွေ​ကို တစ်​ခု​ချင်း​လိုက်​ပြီး update လုပ်​ရ​မှာ​ပါ။ လင်း​နက်စ်​မှာ​တော့ က​လစ်​တစ်​ချက်​နှိပ်​ရုံ​နဲ့ ကွန်​ပြူ​တာ​ထဲ​မှာ သွင်း​ထား​တဲ့ ပ​ရို​ဂ​ရမ်​တွေ​အားလုံး​ကို update လုပ်​နိူင်​ပါ​တယ်။

- လင်း​နက်စ်​က ပို​မြန်​တယ်။
ဒါ​က ကိုယ်တိုင်​သုံး​ကြည့်​မှ သိ​မှာ​ပါ။ ဒါ​က အူ​ဘွန်​တု​လင်း​နက်စ်​နဲ့ ၀င်း​ဒိုး​ကို နိူင်း​ယှဉ်​ပြ​ထား​တာ​ပါ။

- လင်း​နက်စ်​က မိမိ စိတ်​ကြိုက် ပြင်ဆင်​လို့​ရ​တယ်။
၀င်း​ဒိုး​မှာ​ဆို​ရင် ပြင်ဆင်​လို့​ရ​တယ်​ဆို​ပေ​မဲ့ အကန့်​အသတ်​ရှိ​ပါ​တယ်။ နောက်​ခံ​ပုံ​တွေ၊ ကာ​လာ​ဒီ​ဇိုင်း၊ အထား​အသို​တွေ ပြောင်း​လို့​ရ​ပေ​မဲ့ အခြေ​ခံ Desktop Enviroment ပုံစံ​က တူ⁠တူ​ပါ​ပဲ။ လင်း​နစ်​မှာ​တော့ Desktop Enviroment ကို GNOME/KDE/xfce/Open Box/Xmonad အစ​ရှိ​သ​ဖြင့် မိမိ စိတ်​တိုင်း​ကျ ရွေးချယ်​ပြီး အသေး​စိတ် ပြင်ဆင်​နိူင်​ပါ​တယ်။

- လင်း​နက်စ်​မှာ အရမ်း​မိုက်​တဲ့ CLI ဆို​တာ ရှိ​တယ်။
ဒါ​က သာမန်​ကွန်​ပြူ​တာ​အသုံးပြု​သူ​တွေ အတွက် သိပ်​အရေး​မ​ပါ​လှ​ပေ​မဲ့ ကျနော်​တို့​လို ကွန်​ပြူ​တာ​သမား​တွေ အတွက် အရမ်း​အသုံးဝင်​ပါ​တယ်။ တစ်​ချို့​ကိစ္စ​တွေ​မှာ GUI(Grahpical User Interface)ထက် CLI(Command Line User Interface)က ပို​သင့်လျော်​ပါ​တယ်။ ဥပမာ - မိမိ​က ဖိုလ်​ဒါ​တစ်​ခု​မှာ ရာ​ချီ​ရှိ​တဲ့ text file တွေ​အားလုံး​ထဲ​က OS ဆို​တဲ့ စကားလုံး​ပါ​တာ​ကို ရှာ​ချင်​တယ် ဆို​ပါ​စို့။ လင်း​နက်စ်​မှာ "grep 'OS' -R ." ဆို​တဲ့ ကွန်​မန်း​လေး တစ်​ခု​နဲ့​တင် ပြီး​ပါ​တယ်။

ဦး​ဘွန်​တု​မှာ ဆောဖ့်​ဝဲ​တွေ ဘယ်​လို သွင်း​သလဲ

ဦးဘွန်တူးမှာ ဆောဖ့်ဝဲတွေ သွင်းပုံသွင်းနည်းက ဝင်းဒိုးနဲ့ အတော်အတန် ကွဲပြားပါတယ်။

ဝင်းဒိုးမှာ ဆောဖ့်ဝဲတစ်ခုကို သွင်းချင်ပြီဆိုရင် စီဒီခွေ ဝယ်ပြီးတော့ဖြစ်ဖြစ်၊ အင်တာနက်ကနေ ဒေါင်းလုပ်လုပ်ပြီးတော့ဖြစ်ဖြစ် အင်စတော်လာ exe (သို့) msi ဖိုင် ကို ရယူပါတယ်။ ပြီးတော့မှ အဲဒီ ဖိုင်ကို ကလစ်နှိပ်ဖွင့်ပြီး ညွှန်ကြားချက်တွေအတိုင်း တစ်ဆင့်ပြီး တစ်ဆင့် သွင်းရပါတယ်။

ဦးဘွန်တူးမှာတော့ အင်တာနက်ချိတ်ဆက်ထားရင် package manager ကို အသုံးပြုပြီး မိမိ အလိုရှိတဲ့ ဆောဖ့်ဝဲတွေကို လွယ်လင့်တကူ ရှာဖွေ အသုံးပြုနိူင်ပါတယ်။

လူသုံးများပြီး လိုင်စင်ပိုင်းဆိုင်ရာ ကန့်သတ်မူ မရှိတဲ့ ဦးဘွန်တူး ဆောဖ့်ဝဲတွေကို အများသူ ငါ လွယ်လွယ်ကူကူ ရယူသုံးစွဲနိူင်စေဖို့အတွက် သိုလှောင်(host)ပေးထားတဲ့ ဆာဗာတွေ အင်တာနက်ပေါ်မှာ အများကြီး ရှိပါတယ်။ အဲဒီ သိုလှောင်ထားတဲ့ ဦးဘွန်တူး ဆောဖ့်ဝဲတွေကို package လို့ ခါ်ပါတယ်။ အဲဒီလို သိုလှောင်ပေးထားတဲ့ အင်တာနက် ဆာဗာတွေကို software repository လို့ ခေါ်ပါတယ်။ package manager ဆိုတာက အဲဒီ ဆာဗာတွေက ဆောဖ့်ဝဲ package တွေကို သွင်းယူဖို့ အသုံးပြုရတဲ့ ဆောဖ့်ဝဲကို ခေါ်တာပါ။

Package manager က repository တွေမှာ လှောင်ထားတဲ့ ဆောဖ့်ဝဲ (package)တွေကို စာရင်းပြုထားတဲ့အတွက် မိမိ အလိုရှိတဲ့ ဆောဖ့်ဝဲတွေကို package manager မှာ ရှာဖွေနိူင်ပါတယ်။ မိမိ အသုံးလိုတဲ့ ဆောဖ့်ဝဲကို တွေ့ရင် ကလစ် တစ်ချက်နှိပ်လိုက်ယုံနဲ့ package manager က အဲဒီ ဆောဖ့်ဝဲကို အလိုလို ဒေါင်းလုပ်လုပ်ပြီး သွင်းယူပေးပါလိမ့်မယ်။

တစ်ခါတစ်ရံ အချို့ဆောဖ့်ဝဲ package တွေကို အသုံးပြုဖို့ အခြား ဆောဖ့်ဝဲ package တွေကိုလည်း လိုအပ်တတ်ပါတယ်။ အဲဒီလို လိုအပ်တဲ့ ဆောဖ့်ဝဲတွေကို dependencies လို့ ခေါ်ပါတယ်။ ဝင်းဒိုးဆောဖ့်ဝဲတွေက ပုံမှန်အားဖြင့် အခြားလိုအပ်တဲ့ ဆောဖ့်ဝဲတွေ အားလုံးကို စုပြုံပြီး အင်စတော်လာဖိုင်ထဲမှာ ထည့်သိပ်ထားလေ့ရှိပါတယ်။ ဒါကြောင့်မို့လည်း ဝင်းဒိုးမှာ အင်စတော်လာဖိုင်ဆိုက်တွေက လိုအပ်တာထက် ပိုကြီးနေတတ်တာပါ။ ဦးဘွန်တူး ဆောဖ့်ဝဲ package တွေကတော့ အပိုအလို မပါဘဲ အခြား လိုအပ်တဲ့ ဆောဖ့်ဝဲ package တွေရှိရင် package manager က သူ့အလိုလို ရှာဖွေ သွင်းယူပေးပါလိမ့်မယ်။

ဒီမှာ ပြဿနာ တစ်ခုက အင်တာနက် မရှိလို့ package manager ကို အသုံးမပြုနိူင်ရင်ပါ။ ဝင်းဒိုးမှာက အင်စတော်လာထဲမှာ လိုအပ်တဲ့ အခြားဆောဖ့်ဝဲဖိုင်တွေ (dependencies) အကုန်ပါနေပြီးဖြစ်တဲ့အတွက် အင်စတော်လာဖိုင် တစ်ခုထဲနဲ့ သွင်းဖို့ လုံလောက်ပါတယ်။ ဦးဘွန်တူးမှာတော့ မိမိ သွင်းလိုတဲ့ ဆောဖ့်ဝဲ package ကို သွင်းလိုက်ရုံနဲ့ မရပါဘူး။ အဲဒီ package က လိုအပ်တဲ့ အခြား software package တွေကိုလည်း သွင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ အချို့ ဆောဖ်ဝဲတွေကို အသုံးပြုဖို့ အခြားဆောဖ့်ဝဲ package လေး၊ ငါး၊ ဆယ်ခု လိုအပ်နေတဲ့အခါ လိုအပ်တဲ့ ဆောဖ့်ဝဲတွေ အားလုံးကို တစ်ခုချင်း လိုက်ဒေါင်းလုပ်လုပ်ပြီး သွင်းယူဖို့ဆိုတာ လက်ဝင်ပြီး အလုပ်ရှုပ်ပါတယ်။ ဒါကြောင့်လည်း ဦးဘွန်တူးက အင်တာနက် မရှိရင် သုံးရတာ အဆင်မပြေဘူး၊ ဆော့ဖ်ဝဲတွေ သွင်းရခက်တယ်လို့ ပြောကြတာပါ။

(ဒါပေမဲ့လည်း အင်တာနက် မရှိရင် ဦးဘွန်တူးမှာ ဆောဖ့်ဝဲတွေ လုံးဝ သွင်းလို့ မရတော့တာ မဟုတ်ပါဘူး။ ဦးဘွန်တူးမှာ အင်တာနက် မလိုပဲ ဆောဖ့်ဝဲတွေ သွင်းတဲ့နည်းကို ကျနော် နောက်နေ့ ရေးပါမယ်။)

ဆောဖ့်ဝဲ package တွေကို သွင်းပုံသွင်းနည်းကို မပြောခင်မှာ repositories တွေကို ဘယ်လို အသုံးပြုသလဲ ဆိုတာကို ပြောရအောင် ... အပေါ်မှာ ပြောခဲ့သလိုပဲ repository ဆိုတာ အင်တာနက်ပေါ်က ဦးဘွန်တူး ဆောဖ့်ဝဲတွေကို သိုလှောင်ပေးထားတဲ့ ဆာဗာတွေပါ။ repository တွေကို ပြောင်းချင်၊ ပြင်ချင်ရင် System >> Software Sources ကို သွားပါ။ လျှို့ဝှက်ကုတ်တောင်းရင် မိမိရဲ့ လျှို့ဝှက်ကုတ်ကို ရိုက်ထည့်ပေးလိုက်ပါ။ “Software Sources" ဆိုတဲ့ ဘောက်တစ်ခု ကျလာပါလိမ့်မယ်။

Canonical-supported Open Source Software ဆိုတာကဦးဘွန်တူးရဲ့ ကျောထောက်နောက်ခံကုမ္ပဏီ Canonical က ပံ့ပိုးကူညီထားပြီး ဝန်ဆောင်မူတွေ ပေးတဲ့ ဆောဖ့်ဝဲတွေပါ။ ၎င်းဆောဖ့်ဝဲတွေမှာ ပြဿနာတွေရှိခဲ့ရင် Canonical က တာဝန်ယူ ဖြေရှင်းပေးပါတယ်။

Community-supported Open Source Software ဆိုတာက ဦးဘွန်တူး အသုံးပြုသူတွေက ဝိုင်းဝန်ဖန်းတီးထားတဲ့ ဆောဖ့်ဝဲ package တွေပါ။

Proprietary drivers for devices ဆိုတာက ဟာဒ်ဝဲဒရိုက်ဗာ (driver) တွေပါ။ ဥပမာ - NVIDIA၊ ATI အစရှိတဲ့ ဂရပ်ဖစ်ကပ်တွေရဲ့ ဒရိုက်ဗာကို သွင်းချင်ရင် ဒါလေးကို ရွေးပေးဖို့ (check) လိုပါလိမ့်မယ်။

Software restricted by copyright or legal issues ဆိုတာက လိုင်စင်၊ patent တွေနဲ့ ငြိနေတဲ့ ဆောဖ့်ဝဲ package တွေကို ပြောတာပါ။ ပုံမှန်အားဖြင့်တော့ အဲဒီ လေးခုလုံးကို check လုပ်ထားသင့်ပါတယ်။

ပြီးတော့ Download from ဆိုတဲ့နေရာမှာ မိမိ နှစ်သက်ရာ repository ဆာဗာကို ရွေးနိူင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိမိနဲ့နီးတဲ့ နေရာမှာ ရှိတဲ့ ဆာဗာတွေကို ရွေးသင့်ပါတယ်။ ဒါမှ package manager က ဆောဖ့်ဝဲတွေ ဒေါင်းလုပ်လုပ်တဲ့အခါ ပိုပြီး မြန်မြန်ဆန်ဆန် ရှိမှာပါ။ "Other" ဆိုတာကို ရွေးလိုက်လို့ အသစ်ပေါ်လာတဲ့ Download Server from ဆိုတဲ့ဘောက်မှာ မိမိနှစ်သက်ရာ ဆာဗာကို နိူင်ငံအလိုက် ရွေးနိူင်သလို "Select Best Server" ဆိုတာကို နှိပ်လိုက်ရင် ၎င်းဆာဗာတွေအားလုံးကို စမ်းသပ်ပြီး မိမိနဲ့ အသင့်တော်ဆုံး ဆာဗာကိုလည်း သူ့အလိုလို ရွေးပေးပါလိမ့်မယ်။ "Protocol" မှာတော့ ftp သို့ http ကို ရွေးချယ်နိူင်ပါတယ်။ တစ်ချို့ ISP (Internet Service Provider) တွေ၊ Firewall တွေကftp ကို ဘလောက်လုပ်ထားကို သတိပြုပါ။

ဆောဖ့်ဝဲ repositories တွေကို ပြောင်းပြင်ပြီးရင် အဲဒီ ဆောဖ့်ဝဲ repositories တွေမှာ ရနိူင်တဲ့ ဆောဖ့်ဝဲ package တွေကို ပြန်စာရင်းပြုဖို့ လိုပါလိမ့်မယ်။ အဲဒီလို လုပ်ဖို့ Package Manager ကို အသုံးပြုနိူင်ပါတယ်။ Package Manager ကို System >> Administration >> Synaptic Package Manager ဆိုပြီး ဖွင့်နိူင်ပါတယ်။ ပြီးသွားရင် ဘယ်ဘက် အပေါ်အစွန်မှာ ရှိတဲ့ reload ဆိုတာကို နှိပ်လိုက်ရင် Package Manager က ရွေးချယ်ထားတဲ့ ဆောဖ့်ဝဲ repositories တွေက ရနိူင်တဲ့ ဆောဖ့်ဝဲ package တွေကို သူ့အလိုလို စာရင်းပြုလုပ်လိုက်ပါလိမ့်မယ်။

Package Manager က repositories တွေက ရနိူင်တဲ့ ဆောဖ့်ဝဲ package စာရင်းတွေကို ဒေါင်းလုပ်လုပ်ပြီးရင်တော့ မိမိအလိုရှိတဲ့ ဆောဖ့်ဝဲတွေကို ရှာဖွေ ရယူ အသုံးပြုနိူင်ပါပြီ။ မလိုအပ်တော့တဲ့ ဆောဖ့်ဝဲ package တွေကိုလည်း Synaptic Package Manager ကို အသုံးပြုကာ ထုတ်ပစ်နိူင်ပါတယ်။ Synaptic Package Manager ကို အသုံးပြုပုံ အသေးစိတ်ကိုတော့ အခြား ဦးဘွန်တူး ဆောဖ့်ဝဲ application များနည်းတူ F1 နှိပ်ပြီး (သို့) ညာဘက် ထောင့်စွန်းက Help >> Content ကို အသုံးပြုပြီး ဖတ်ရှုလေ့လာနိူင်ပါတယ်။

မှတ်ချက်။ ။ Application >> Ubuntu Software Center ကိုလည်း Synaptic Package Manager အစား အသုံးပြုနိူင်ပါတယ်။ ယခုလက်ရှိမှာတော့ Ubuntu Software Center က စမ်းသပ် အဆင့်သာ ရှိသေးတဲ့အတွက် Synaptic Package Manager လောက် ပြည့်ပြည့်စုံစုံ ချောချောမွေ့မွေ့ အသုံးပြုနိူင်ခြင်း မရှိသေးပါဘူး။

ဦး​ဘွန်​တု​မှာ ဝင်း​ဖောင့်​တွေ​သုံး​ပြီး စာ​ရိုက်​လို​ပါ​က

ကျနော်​က ဝင်း​ဖောင့်​တွေ (ဝင်း​အင်း​ဝ၊ ဝင်း​ကလော ...) အရင်​က တစ်​ခါ​မှ မ​သုံး​ဖူး​ပါ​ဘူး။ ဒီ​နေ့​မှ ကျနော် မြန်မာ​ကျူး​ပစ် ဖို​ရမ်​ထဲ ဝင်​မွှေနေ​ရင်း ဝင်း​အင်း​ဝ​နဲ့ စမ်း​စာ​ရိုက်​ကြည့်​မိ​တယ်။

မ​သိ​သေး​တဲ့​လူ​တွေ​အတွက်​ပါ ဝင်း​ဖောင့်​တွေ​နဲ ဝင်း​မြန်မာ​လက်​ကွက် (<=4.8) သုံး​ပြီး စာ​ရိုက်​ချင်​ရင် ပုံ​မှန် USA ကီး​ဘုတ်​နဲ့​ဆို dead keys တွေ မ​ပါ​လို့ ပါဠ်​ဆင့်​တွေ ဘာ​တွေ ရိုက်​လို့ မ​ရ​ပါ​ဘူး။ USA International (with dead keys) ဆို​တာ ပြောင်း​သုံး​ရ​ပါ​လိမ့်​မယ်။