Mar 8, 2011
Simple Burmese OCR
As my graduation project, I am working on a simple Burmese OCR (only alphabets & digits) using ANN. I have already finished the demo program. Here are some screenshots for the curious.

Feb 7, 2011
ဦးဘွန်တုမှ ယူနီကုတ်မှတ်စုများ
မှတ်ချက်။ ။ ဦးဘွန်းတုလို့ ဆိုထားပေမဲ့ အခြား လင်းနက်-distros တွေအတွက်လဲ အကျုံးဝင်ပါလိမ့်မယ်။ ဦးဘွန်တု-သီးသန့်မဟုတ်ပေမဲ့ တစ်ချို့အချက်အလက်တွေက GNOME-သီးသန့်ပါ။ ကျွန်တော် GNOME မှာပဲ စမ်းထားပါတယ်။ အခြား Desktop Enviroment တွေအတွက် (ဥပမာ။ KDE) အကျုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။
၁။ ယူနီကုတ်ပြောင်းပြောင်းချင်း မြင်သာတဲ့ အကျိုးက မြန်မာစာစီစနစ် (sorting) ကို သုံးလို့ ရလာတာပါ။ အရင်တုန်းက ကျွန်တော် ဇော်ဂျီကို သုံးစဥ်တုန်းက ဖိုင်မန်နေဂျာ(file manager)တွေမှာ မြန်မာ ဖိုင်နာမည်တွေကို နာမည်အလိုက် စီလို့ မရပါဘူး။ ကျွန်တော်စက်ထဲမှာ ဖိုင်နာမည် အတော်များများကို မြန်မာလိုသိမ်းထားတဲ့အခါ နာမည်အလိုက် စီထားတော့ ရှာရဖွေရ ပိုလွယ်လာပါတယ်။ ဖိုင်မန်နေဂျာတွေမှ မဟုတ်ပါ။ အခြား ယူနီကုဒ်ကို အသုံးပြုတဲ့ ပရိုဂရမ်အတော်တော်များများမှာ မြန်မာစာတွေကို အဆင်ချောချော သုံးလို့ရလာပါတယ်။ ဥပမာ - မြန်မာစာတွေကို စီချင်ရင် တစ်ခြားမည်သည့်ဆော့ဖ်ဝဲမှ မလိုပဲ ကွန်မန်းလိုင်းက sort ကို သုံးပြီး စီနိုင်ပါတယ်။

ဒီအတွက် လင်းနက်အတွက် မြန်မာ locale ဖန်တီးရေးသားပေးထားတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
၂။ ကျွန်တော် စမ်းသပ်မိသလောက် လက်ရှိ ယူနီကုတ်ဖောင့်တွေထဲမှာ ပိတောက်တစ်ခုပဲ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် render လုပ်နိုင်ပါတယ်။ ဒါကြောင့် ပိတောက်ကိုပဲ အမြင် သိပ်မလှပေမဲ့ သုံးဖြစ်ပါတယ်။
၃။ ယူနီကုတ် ကီးဘုတ်ကို ဦးဘွန်တုမှာ သုံးချင်ရင် နည်းလမ်း အတော်များများ ရှိပါတယ်။ ပထမတစ်ခုက ကိုစေတန်၊ ကိုဘောက်တူး တို့လုပ်ထားတဲ့ ကီးဘုတ်ကို သုံးတာပါ။ ကွန်မန်းလိုင်းကနေ dpkg -i --force-all zg-mm3-kb.deb ဆိုပြီး သွင်းဖို့ လိုပါမယ်။ နောက်တစ်ခုက ကျနော် အရင်က ရေးထားတဲ့ ibus ကို သုံးပြီး ရိုက်နည်းပါ။ ဇော်ဂျီကီးဘုတ်က သိပ်အဆင်မချောပေမဲ့ ယူနီကုတ် ကီးဘုတ်က ကျနော် စမ်းထားသလောက် အဆင်ပြေပါတယ်။ ဒါမှမဟုတ် ibus မှာပဲ ကိုအိမောင် ရေးထားတဲ့နည်းကို သုံးပြီးလည်း ရိုက်နိုင်ပါတယ်။ ဒါကိုတော့ ကျနော် သေချာ မစမ်းဖြစ်သေးပါ။
၄။ ကျွန်တော် သုံးဖူးသလောက် ဝင်းဒိုး ပရိုဂရမ်တွေမှာ မြန်မာဖောင့်သုံးချင်ရင် သက်ဆိုင်ရာ ပရိုဂရမ်ရဲ့ ဆက်တင်မှာ ဖောင့်ကို မိမိ နှစ်လိုသော မြန်မာဖောင့် ပြောင်းလဲသတ်မှတ် ပေးဖို့လိုပါတယ်။ (ဥပမာ — ဂျီတော့မှာ ဖောင့်မပြောင်းထားရင် မြန်မာစာတွေကို လေးထောင့်အကွက်လေးတွေပဲ မြင်နေရတာမျိုးပါ။) အဲဒီလို ဖောင့်ပြောင်းတာရဲ့ ပြဿနာက မြန်မာဖောင့် အတော်များများရဲ့ အင်ဂလိပ်စာ စာလုံးတွေက မလှတာပါ။ ကံကောင်းတာက ဦးဘွန်းတု ပရိုဂရမ်တွေမှာ အဲလို ဖောင့်ကို တိုက်ရိုက်ကြီး သတ်မှတ်ပေးစရာမလိုပါဘူး။ ဦးဘွန်းတုမှာ သက်ဆိုင်ရာ ဘာသာစကား(စာသား)ကို default ဖောင့်က render မလုပ်နိုင်ဘူးဆိုရင် fontconfig ဆိုတဲ့ library ကို သုံးပြီး အခြား သင့်တော်ရာ ဖောင့်ကို ရွေးချယ် render လုပ်ပေးပါတယ်။ ဒီမှာ ပြဿနာတစ်ခုက ကိုယ့်စက်ထဲမှာ မြန်မာဖောင့်တစ်ခုထက် ပိုရှိနေရင် fontconfig က ဘယ်ဖောင့်ကို ရွေးမလဲဆိုတာပါ။
မိမိ စက်ထဲမှာ မြန်မာဖောင့် တစ်ခုထက် ပိုရှိနေရင် ဘယ်ဖောင့်ကိုရွေးသလဲဆိုတာကို အောက်ပါ ကွန်မန်းကို အသုံးပြုပြီး သိရှိနိူင်ပါတယ်။
ဆိုပါစို့ — စက်ထဲမှာ ဇော်ဂျီကော တစ်ခြားယူနီကုတ်ဖောင့်တွေပါ ရှိရင် ပုံမှန်အားဖြင့် fontconfig က ဇော်ဂျီကို ရွေးပါလိမ့်မယ်။ (ဇော်ဂျီက ယူနီကုတ်ဖောင့်တွေထက် code point ပိုများများပါလို့ နေပါလိမ့်မယ်။) ဒါကို မိမိရဲ့ home ဖိုလ်ဒါအောက်မှာ ".fonts.conf" ဆိုတဲ့ ဖိုင်ကို အောက်မှာပြထားသလို ပြင်ပေးဖို့ လိုပါမယ်။ (padauk နေရာမှာ အခြားမိမိနှစ်လိုရာ ဖောင့်နာမည်ကို ပြောင်းပါ။)
၅။ နောက်ပြဿနာ တစ်ခုက ဖောင့်အကြီးအသေးပါ။ မြန်မာဖောင့်တွေကြီးလွန်းတာ သေးလွန်းတာ ချိန်ချင်ရင် fontconfig ကိုပဲ သုံးပြီး ပြင်နိုင်ပါတယ်။
၆။ နံပါတ် (၁) မှာ ဆိုထားတဲ့အတိုင်း ကျနော်စက်မှာ ယူနီကုတ်ဖောင့်တွေထဲက ပိတောက်တစ်ခုပဲ အဆင်ချောချော render လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်က တစ်ချို့ ဆိုက်တွေက (ဥပမာ-MITP) မြန်မာသရီးကို default လုပ်ထားတတ်ပါတယ်။ ဒါကြောင့် - မြန်မာသရီး ဖောင့်နဲ့ render လုပ်ရမဲ့ စာသားတွေကို padauk နဲ့ ပြောင်းပြီး render လုပ်ချင်တယ် ဆိုပါစို့။ " .fonts.conf" ဖိုင်ကို အောက်မှာ ပြထားသည့်အတိုင်း ထပ်မံ ပြင်ဆင်ပေးဖို့ လိုပါလိမ့်မယ်။

fc-match ":lany=my"

<?xml version="1.0"?> <!DOCTYPE fontconfig SYSTEM "fonts.dtd"> <fontconfig> <!--- Use padauk as Default Fallback Font --> <match targe="pattern"> <test qual="any" name="lang" compare="eq"><string>my</string></test> <edit mode="assign" name="family"> <string>padauk</string> </edit> </match> </fontconfig>
၅။ နောက်ပြဿနာ တစ်ခုက ဖောင့်အကြီးအသေးပါ။ မြန်မာဖောင့်တွေကြီးလွန်းတာ သေးလွန်းတာ ချိန်ချင်ရင် fontconfig ကိုပဲ သုံးပြီး ပြင်နိုင်ပါတယ်။
<?xml version="1.0"?> <!DOCTYPE fontconfig SYSTEM "fonts.dtd"> <fontconfig> <!--- Use padauk as Default Fallback Font --> <match targe="pattern"> <test qual="any" name="lang" compare="eq"><string>my</string></test> <edit mode="assign" name="family"> <string>padauk</string> </edit> <!--- Change Font Size --> <edit name="pixelsize" mode="assign"> <double>16</double> </edit> </match> </fontconfig>
၆။ နံပါတ် (၁) မှာ ဆိုထားတဲ့အတိုင်း ကျနော်စက်မှာ ယူနီကုတ်ဖောင့်တွေထဲက ပိတောက်တစ်ခုပဲ အဆင်ချောချော render လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်က တစ်ချို့ ဆိုက်တွေက (ဥပမာ-MITP) မြန်မာသရီးကို default လုပ်ထားတတ်ပါတယ်။ ဒါကြောင့် - မြန်မာသရီး ဖောင့်နဲ့ render လုပ်ရမဲ့ စာသားတွေကို padauk နဲ့ ပြောင်းပြီး render လုပ်ချင်တယ် ဆိုပါစို့။ " .fonts.conf" ဖိုင်ကို အောက်မှာ ပြထားသည့်အတိုင်း ထပ်မံ ပြင်ဆင်ပေးဖို့ လိုပါလိမ့်မယ်။
<?xml version="1.0"?> <!DOCTYPE fontconfig SYSTEM "fonts.dtd"> <fontconfig> <!--- Use padauk as Default Fallback Font --> <match targe="pattern"> <test qual="any" name="lang" compare="eq"><string>my</string></test> <edit mode="assign" name="family"> <string>padauk</string> </edit> </match> <!-- replace myanmar3 with padauk --> <match targe="pattern"> <test qual="any" name="family" compare="eq"><string>myanmar3</string></test> <edit mode="assign" name="family"> <string>padauk</string> </edit> </match> </fontconfig>
--- ဆက်ရန် ---
How to install & use Masterpiece Uni Sans on Ubuntu
Why?
- Being linux-native (using pango to render), it is slightly faster to render than other fonts.
- All other unicode fonts except padauk have some (minor) rendering problems on linux. MasterPiece Uni Sans can render properly and look better than padauk.
Steps
1) Download and install the font ttf-masterpiece_0.6-0ubuntu1_all.deb.
2) Download and install the patched pango module. This module is patched, meaning it is different from the original module from Ko Tin Myo Htet (prahita). The original module will not render other unicode fonts like myanmar3, padauk correctly, making burmese text in some sites like mitp scrambled in firefox. If you have previously installed it before, you need to reinstall this file. For other distros, apply this patch, build and install from source.
3) Create a file, ".blacklist-mymr-fonts", in your home directory and put the burmese font names you don't want to render with this module (one font per line). For example,
echo -e "Myanmar3\nPadauk\nZawgyi-One" > .blacklist-mymr-fonts
Now, you can use MasterPiece Uni Sans in all gtk+ applications. You cannot use it in openoffice, since openoffice doesn't use pango. If certain burmese fonts are not rendering properly, don't forget to put their font names in aforesaid ".blacklist-mymr-fonts".
Feb 5, 2011
လင်းနက်စ်ကို ဘာကြောင့်သုံးသင့်လဲ
လင်းနက်စ်နဲ့ ပတ်သတ်ပြီး အမြင်မှားတစ်ချို့
- လင်းနက်က သာမန်လူတွေ သုံးဖို့ မဟုတ်ဘူး။
ကျနော် networking စသင်ကာစက သင်တန်းမှာ သူများတွေကို လင်းနက်စ် သင်နေတာ သွားကြည့်ဖူးပါတယ်။ အဲဒီတုန်းကတော့ အမဲရောင် screen ကြီးမှာ ကွန်မန်းတွေ ရိုက်နေတာကိုပဲ တွေ့တော့ လင်းနက်စ်ဆိုတာ ကွန်ပြူတာ ကျွမ်းကျင်ပညာရှင်တွေပဲ သုံးတာလို့ တွေးမိခဲ့ဖူးပါတယ်။ လင်းနက်စ်အကြောင်း ကြားဖူးကာစ လူတွေလည်း အဲဒီလိုပဲ တွေးတတ်ပါတယ်။ ဟိုးအရင်တုန်းက လင်းနက်စ်ကို ကျွမ်းကျင်ပညာရှင်တွေပဲ အဓိက သုံးခဲ့ပေမဲ့ အခုအချိန်မှာ အဲဒါက မမှန်တော့ပါဘူး။ လင်းနက်စ်ကို အသုံးပြုနေတဲ့ သာမန်ကွန်ပြူတာအသုံးပြုသူ (Desktop User) တွေ သန်းချီ ရှိနေပါပြီ။
- လင်းနက်စ်က ၀င်းဒိုးလောက် မလှဘူး။
မှားပါတယ်။ တစ်ကယ်တော့ လင်းနက်စ်က သေချာပြင်ဆင်သုံးတတ်သွားရင် ၀င်းဒိုးထက် အပြန်တစ်ရာလောက် လှအောင် ဖန်တီးနိူင်ပါတယ်။ အောက်က ဗီဒီယိုတွေကို နမူနာကြည့်နိူင်ပါတယ်။
http://www.youtube.com/watch?v=Of4m0AgPv-o
http://www.youtube.com/watch?v=69bKvvDV7a0
- လင်းနက်စ်က သုံးရတာ ခက်တယ်။
လင်းနက်စ်က သုံးရတာ မခက်ပါဘူး။ ဒါပေမဲ့ ၀င်းဒိုးကို သုံးနေကြလူက လင်းနက်စ်ကို စပြောင်းသုံးတာဆိုရင် လုံးဝကွဲပြားတဲ့ system နှစ်ခု ဖြစ်တဲ့ အညီ ကျင့်သားမရမချင်း နည်းနည်း အခက်တွေ့နိူင်ပါတယ်။ ကျနော်တို့ ၀င်းဒိုးကို စသုံးကာစကလည်း အဲဒီလို အခက်တွေ့ခဲ့တာပဲ ... မဟုတ်ဘူးလား။
- လင်းနက်စ်အတွက် လုပ်ငန်းသုံးပရိုဂရမ်(Application)တွေ သိပ်မရှိဘူး။
ဒါလည်း မှားပါတယ်။ လင်းနက်စ်အတွက် ရေးထားတဲ့ ပရိုဂရမ်တွေ ထောင်ချီပြီးတော့ ရှိပါတယ်။ လင်းနက်စ်က အခုမျက်မှောက်မှာ ၀င်းဒိုးလောက် ဆောဖ့်ဝဲတွေ မရှိသေးဘူးဆိုပေမဲ့ ၀င်းဒိုးအတွက် ထုတ်လုပ်ထားတဲ့ ပရိုဂရမ်တွေ အများစုကို လင်းနက်စ်မှာ ဝိုင်(Wine) ဆိုတဲ့ ပရိုဂရမ်နဲ့ အသုံးပြုနိူင်ပါတယ်။ ပြီးတော့ အခုနောက်ပိုင်း ကုမ္ပဏီ အများစုက ၀င်းဒိုးအတွက်သာမက လင်းနက်စ်အတွက်ပါ ပရိုဂမ်တွေ ထုတ်လာကြပါပြီ။
- လင်းနက်က သွင်းရခက်တယ်။
လုံးဝ လုံးဝကို မှားပါတယ်။ လင်းနက်စ်လောက် သွင်းရလွယ်တာ လင်းနက်စ်ပဲ ရှိပါတယ်။ လင်းနက်စ်က ၀င်းဒိုးထက် သွင်းရတာ ပိုမြန်သလို ပိုလဲလွယ်ပါတယ်။ လင်းနက်စ်ကို မိမိကွန်ပြူတာမှာ မသွင်းပဲ စီဒီရွမ်ကနေ စမ်းသုံးကြည့်လို့တောင် ရပါတယ်။
ဘာလို့ လင်းနက်စ်ကို သုံးသင့်လဲ
- လင်းနက်စ်က ငွေကြေးအကုန်အကျ သက်သာတယ်။
၀င်းဒိုးကို အသုံးပြုဖို့ ဒေါ်လာရာနဲ့ချီပြီး ၀ယ်ရတာပါ။ မြန်မာငွေဆို သိန်းချီပြီး ကျမှာပေါ့။ ကျနော်တို့ မြန်မာနိူင်ငံမှာ အခု ၀င်းဒိုးကို သုံးနေတာ အများစုက လိုင်စင်မဲ့ (pirate) ခိုးသုံးနေကြတာပါ။ ဒါက အခုအချိန်မှာ ပြဿနာ မရှိသေးပေမဲ့ နောင်တစ်ချိန်မှာ ရှိလာနိူင်ပါတယ်။ လင်းနက်စ်ကိုတော့ အခမဲ့ အင်တာနက်ပေါ်က ဒေါင်းလုပ်လုပ်ပြီး သုံးစွဲနိူင်ပါတယ်။ ပြီးတော့ ၀င်ဒိုးမှာ တစ်ခြား ပရိုဂရမ်တွေ အများစုကလည်း ပိုက်ဆံပေးဝယ်ရတာပါ။ လင်းနက်စ် ပရိုဂရမ်တွေ အများစုက အခမဲ့ပါ။ ဥပမာ - ၀င်းဒိုးအတွက် ရုံးသုံးပရိုဂရမ်(Microsoft Office) ကို ဒေါ်လာရာချီပြီး ပေးဝယ်ရပါလိမ့်မယ်။ ထိုနည်းတူ မိမိ ဓာတ်ပုံလေးတွေ ပြင်ဆင်လိုပြန်ပြီဆိုရင် ဖိုတိုပြင်တဲ့ ပရိုဂရမ်(Adobe Photoshop) ကို ၀ယ်ရပါလိမ့်မယ်။ လင်းနက်စ်မှာတော့ Open Office, GIMP အစရှိတဲ့ ပရိုဂရမ်တွေကို အခမဲ့ ရယူနိူင်သုံးစွဲနိူင်ပါတယ်။
- လင်းနက်စ်က လွတ်လပ်မူ (Freedom) ရှိတယ်။
အခမဲ့ဖြစ်တာနဲ့ လွတ်လပ်တာနဲ့ မတူပါဘူး။ တစ်ချို့ ပရိုဂရမ်တွေက အခမဲ့ ရယူသုံးစွဲနိူင်ပေမဲ့ အဲဒီ ပရိုဂရမ်ကို မိမိ စိတ်ကြိုက်ပြင်ဆင် သုံးဆွဲနိူင်ခွင့် မရှိသလို တစ်ခြား သူတွေကိုလည်း ပြန်လည်မျှဝေခွင့် မရှိအောင် လိုင်စင်တွေနဲ့ ကန့်သတ်ထားပါတယ်။ အဲဒါတွေကို freeware လို့ခေါ်ပါတယ်။ ဒါပေမဲ့ လင်းနက်စ်နဲ့ လင်းနက်စ်ပရိုဂရမ်အများစုကို ဘယ်လို ရေးသားထားတယ်ဆိုတာ မိမိကိုယ်တိုင် လေ့လာကြည့်ရူပြီး မိမိစိတ်ကြိုက်ပြင်ဆင် သုံးစွဲနိူင်ပါတယ်။ ပြီးတော့ လွတ်လွတ်လပ်လပ် ပြန်လည်မျှဝေခွင့် ရှိပါတယ်။ အဲဒါကို free software လို့ခေါ်ပါတယ်။ ၀င်းဒိုးက လိုင်စင်တွေနဲ့ ကန့်သတ်ထားလို့ လွတ်လပ်ခွင့် လုံးဝ မရှိပါဘူး။ မိမိက ၀ယ်ပြီးသွားရင်တောင် ကွန်ပြူတာတစ်လုံးဆို တစ်လုံးမှာပဲ သုံးရပါမယ်။ နောက်တစ်လုံးမှာ သုံးချင်ရင် နောက်လိုင်စင်တစ်ခု ထပ်ဝယ်ရပါမယ်။ လင်းနက်စ်မှာတော့ မိမိစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် သုံးစွဲပြီး ပြန်လည်မျှဝေနိူင်ပါတယ်။
- လင်းနက်စ်က ပိုမိုလုံခြုံပြီး ပြဿနာရှင်းတယ်။
လင်းနက်စ်က ၀င်းဒိုးထက် အများကြီး ပိုပြီး လုံခြုံစိတ်ချရပါတယ်။ ဒါကြောင့်လည်း လုံခြုံရေး (Security) အဓိက ဖြစ်တဲ့ အင်တာနက်ဆာဗာတွေ အများစုက လင်းနက်စ်ကိုပဲ သုံးကြတာပါ။ လင်းနက်ကို သုံးရင် BSOD (Blue Screen of Death), Virus, Worms, Trojan တွေကို မေ့ထားနိူင်တယ်။ Anti-Virus, Firewall တွေ အတွက်လည်း ခေါင်းစားစရာ လိုတော့မှာ မဟုတ်ဘူး။ လင်းနက်စ်မှာ စက်ဟန်းသွားလို့ ကွန်ပြူတာ ပြန်စရတယ်(restart) ဆိုတာ မရှိပါဘူး။
- လင်းနက်စ်က ပိုမိုယုံကြည်စိတ်ချရတယ်။
၀င်းဒိုးက closed source၊ လင်းနက်စ်က open source ပါ။ Source(source code) ဆိုတာက ကွန်ပြူတာ ပရိုဂရမ်တွေကို ဘယ်လိုရေးသားထားလဲဆိုတဲ့ နည်းပါ။ ဥပမာ - ပြောရရင် ကျနော်တို့ ကိတ်မုန့် ၀ယ်တယ် ဆိုပါစို့။ ကိတ်မုန့်ကို ဘယ်လိုဖုတ်ထားတယ်ဆိုတဲ့ အသေးစိတ်ကို ကျနော်တို့ မသိနိူင်ပါဘူး။ ထိုနည်းတူ closed source ပရိုဂရမ်တွေကို ဘယ်လိုရေးသားထားပြီး ဘာတွေလုပ်တယ်ဆိုတယ်ကို ကျနော်တို့ သေချာ မသိနိူင်ပါဘူး။ ပြဿနာက ကိတ်မုန့်ထဲ ဘာပါတယ်ဆိုတာကို ကျနော်တို့ သေချာ မသိနိူင်သလို closed source ပရိုဂရမ်တွေ ဘာတွေလုပ်နေတယ်ဆိုတာ ကျနော်တို့ မသိနိူင်ပါဘူး။ မိုက်ကရိုဆောဖ့်က ကျနော်တို့ရဲ့ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အင်တာနက်က တစ်ဆင့်ပြန်ပြီး စုဆောင်းနေသလားဆိုတာ ဘုရားသခင်နဲ့ ဘီလ်ဂိတ်ပဲ သိပါတယ်။ :P လင်းနက်မှာတော့ open source ဖြစ်တဲ့အတွက် ဘာတွေဘယ်လို ရေးသားထားတယ်ဆိုတာကို လူတိုင်းကြည့်ရူ စစ်ဆေးနိူင်ပါတယ်။ တစ်ကယ်လည်း ကွန်ပြူတာပညာရှင်များစွာက လေ့လာစစ်ဆေးနေတာပါ။ ဒါကြောင့် open source ပရိုဂရမ်တွေက ပိုပြီး ယုံကြည်စိတ်ချရပါတယ်။
- လင်းနက်စ်ကို လက်ဝါးကြီးအုပ်ထားတဲ့ ကုမ္ပဏီ မရှိပါဘူး။
၀င်းဒိုးကို ကုမ္ပဏီတစ်ခုတည်း(မိုက်ကရိုဆောဖ့်)ကပဲ လက်ဝါးကြီးအုပ် ထားတာပါ။ ဥပမာ ဆိုပါစို့ - မိုက်ကရိုဆောဖ့်ကို ၀င်းဒိုးကို ဆက်မထုတ်တော့ဘူးဆိုရင် ကျနော်တို့ ဘာမှ မတတ်နိူင်ပါဘူး။ လင်းနက်စ်က အဲဒီလို ကုမ္ပဏီ တစ်ခုတည်းကို မှီခိုတာ မရှိပါဘူး။ Red Hat က ဖီဒိုရာ(Fedora) လင်းနက်စ်ကို ဆက်မထုတ်တော့ဘူးဆိုရင် ကျနော်တို့ Canonical က အူဘွန်တု(Ubuntu) လင်းနက်စ် ကိုသုံးနိူင်ပါတယ်။ ဒါမှမဟုတ် လင်းနက်စ်က အထက်မှာဆိုခဲ့တဲ့အတိုင်း free software ဖြစ်တဲ့အတွက် မိမိကိုယ်တိုင် ကုမ္ပဏီထောင်ပြီး ပြန်လည်ဖြန့်ဝေလို့ရပါတယ်။
- လင်းနက်က ပိုမိုအဆင်မြင့်ကောင်းမွန်တယ်။
၀င်းဒိုးမှာ လုံးဝ မဖြစ်နိူင်တဲ့ ပိုမိုအဆင့်မြင့်ကောင်းမွန်တဲ့ နည်းပညာတွေ လင်းနစ်မှာ အများကြီးပါပါတယ်။ ဥပမာ ဆိုပါစို - ၀င်းဒိုးမှာ ကွန်ပြူတာမှာ ရှိသမျှ ပရိုဂရမ်တွေ အားလုံးကို upgrade လုပ်ဖို့ မလွယ်ပါဘူး။ window update ရှိပေမဲ့ အဲဒါက မိုက်ကရိုဆောဖ့်က ဆောဖ့်ဝဲတွေပဲ update လုပ်နိူင်တာပါ။ တစ်ခြား မိုက်ကရိုဆော့ဖ်က မဟုတ်တဲ့ ဆောဖ့်ဝဲတွေ (Winzip, Winrar, Firefox, Nero Burning, PowerDVD ...) အစရှိတာတွေကို တစ်ခုချင်းလိုက်ပြီး update လုပ်ရမှာပါ။ လင်းနက်စ်မှာတော့ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကွန်ပြူတာထဲမှာ သွင်းထားတဲ့ ပရိုဂရမ်တွေအားလုံးကို update လုပ်နိူင်ပါတယ်။
- လင်းနက်စ်က ပိုမြန်တယ်။
ဒါက ကိုယ်တိုင်သုံးကြည့်မှ သိမှာပါ။ ဒါက အူဘွန်တုလင်းနက်စ်နဲ့ ၀င်းဒိုးကို နိူင်းယှဉ်ပြထားတာပါ။
- လင်းနက်စ်က မိမိ စိတ်ကြိုက် ပြင်ဆင်လို့ရတယ်။
၀င်းဒိုးမှာဆိုရင် ပြင်ဆင်လို့ရတယ်ဆိုပေမဲ့ အကန့်အသတ်ရှိပါတယ်။ နောက်ခံပုံတွေ၊ ကာလာဒီဇိုင်း၊ အထားအသိုတွေ ပြောင်းလို့ရပေမဲ့ အခြေခံ Desktop Enviroment ပုံစံက တူတူပါပဲ။ လင်းနစ်မှာတော့ Desktop Enviroment ကို GNOME/KDE/xfce/Open Box/Xmonad အစရှိသဖြင့် မိမိ စိတ်တိုင်းကျ ရွေးချယ်ပြီး အသေးစိတ် ပြင်ဆင်နိူင်ပါတယ်။
- လင်းနက်စ်မှာ အရမ်းမိုက်တဲ့ CLI ဆိုတာ ရှိတယ်။
ဒါက သာမန်ကွန်ပြူတာအသုံးပြုသူတွေ အတွက် သိပ်အရေးမပါလှပေမဲ့ ကျနော်တို့လို ကွန်ပြူတာသမားတွေ အတွက် အရမ်းအသုံးဝင်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ GUI(Grahpical User Interface)ထက် CLI(Command Line User Interface)က ပိုသင့်လျော်ပါတယ်။ ဥပမာ - မိမိက ဖိုလ်ဒါတစ်ခုမှာ ရာချီရှိတဲ့ text file တွေအားလုံးထဲက OS ဆိုတဲ့ စကားလုံးပါတာကို ရှာချင်တယ် ဆိုပါစို့။ လင်းနက်စ်မှာ "grep 'OS' -R ." ဆိုတဲ့ ကွန်မန်းလေး တစ်ခုနဲ့တင် ပြီးပါတယ်။
ဦးဘွန်တုမှာ ဆောဖ့်ဝဲတွေ ဘယ်လို သွင်းသလဲ
ဦးဘွန်တူးမှာ ဆောဖ့်ဝဲတွေ သွင်းပုံသွင်းနည်းက ဝင်းဒိုးနဲ့ အတော်အတန် ကွဲပြားပါတယ်။
ဝင်းဒိုးမှာ ဆောဖ့်ဝဲတစ်ခုကို သွင်းချင်ပြီဆိုရင် စီဒီခွေ ဝယ်ပြီးတော့ဖြစ်ဖြစ်၊ အင်တာနက်ကနေ ဒေါင်းလုပ်လုပ်ပြီးတော့ဖြစ်ဖြစ် အင်စတော်လာ exe (သို့) msi ဖိုင် ကို ရယူပါတယ်။ ပြီးတော့မှ အဲဒီ ဖိုင်ကို ကလစ်နှိပ်ဖွင့်ပြီး ညွှန်ကြားချက်တွေအတိုင်း တစ်ဆင့်ပြီး တစ်ဆင့် သွင်းရပါတယ်။
ဦးဘွန်တူးမှာတော့ အင်တာနက်ချိတ်ဆက်ထားရင် package manager ကို အသုံးပြုပြီး မိမိ အလိုရှိတဲ့ ဆောဖ့်ဝဲတွေကို လွယ်လင့်တကူ ရှာဖွေ အသုံးပြုနိူင်ပါတယ်။
လူသုံးများပြီး လိုင်စင်ပိုင်းဆိုင်ရာ ကန့်သတ်မူ မရှိတဲ့ ဦးဘွန်တူး ဆောဖ့်ဝဲတွေကို အများသူ ငါ လွယ်လွယ်ကူကူ ရယူသုံးစွဲနိူင်စေဖို့အတွက် သိုလှောင်(host)ပေးထားတဲ့ ဆာဗာတွေ အင်တာနက်ပေါ်မှာ အများကြီး ရှိပါတယ်။ အဲဒီ သိုလှောင်ထားတဲ့ ဦးဘွန်တူး ဆောဖ့်ဝဲတွေကို package လို့ ခါ်ပါတယ်။ အဲဒီလို သိုလှောင်ပေးထားတဲ့ အင်တာနက် ဆာဗာတွေကို software repository လို့ ခေါ်ပါတယ်။ package manager ဆိုတာက အဲဒီ ဆာဗာတွေက ဆောဖ့်ဝဲ package တွေကို သွင်းယူဖို့ အသုံးပြုရတဲ့ ဆောဖ့်ဝဲကို ခေါ်တာပါ။
Package manager က repository တွေမှာ လှောင်ထားတဲ့ ဆောဖ့်ဝဲ (package)တွေကို စာရင်းပြုထားတဲ့အတွက် မိမိ အလိုရှိတဲ့ ဆောဖ့်ဝဲတွေကို package manager မှာ ရှာဖွေနိူင်ပါတယ်။ မိမိ အသုံးလိုတဲ့ ဆောဖ့်ဝဲကို တွေ့ရင် ကလစ် တစ်ချက်နှိပ်လိုက်ယုံနဲ့ package manager က အဲဒီ ဆောဖ့်ဝဲကို အလိုလို ဒေါင်းလုပ်လုပ်ပြီး သွင်းယူပေးပါလိမ့်မယ်။
တစ်ခါတစ်ရံ အချို့ဆောဖ့်ဝဲ package တွေကို အသုံးပြုဖို့ အခြား ဆောဖ့်ဝဲ package တွေကိုလည်း လိုအပ်တတ်ပါတယ်။ အဲဒီလို လိုအပ်တဲ့ ဆောဖ့်ဝဲတွေကို dependencies လို့ ခေါ်ပါတယ်။ ဝင်းဒိုးဆောဖ့်ဝဲတွေက ပုံမှန်အားဖြင့် အခြားလိုအပ်တဲ့ ဆောဖ့်ဝဲတွေ အားလုံးကို စုပြုံပြီး အင်စတော်လာဖိုင်ထဲမှာ ထည့်သိပ်ထားလေ့ရှိပါတယ်။ ဒါကြောင့်မို့လည်း ဝင်းဒိုးမှာ အင်စတော်လာဖိုင်ဆိုက်တွေက လိုအပ်တာထက် ပိုကြီးနေတတ်တာပါ။ ဦးဘွန်တူး ဆောဖ့်ဝဲ package တွေကတော့ အပိုအလို မပါဘဲ အခြား လိုအပ်တဲ့ ဆောဖ့်ဝဲ package တွေရှိရင် package manager က သူ့အလိုလို ရှာဖွေ သွင်းယူပေးပါလိမ့်မယ်။
ဒီမှာ ပြဿနာ တစ်ခုက အင်တာနက် မရှိလို့ package manager ကို အသုံးမပြုနိူင်ရင်ပါ။ ဝင်းဒိုးမှာက အင်စတော်လာထဲမှာ လိုအပ်တဲ့ အခြားဆောဖ့်ဝဲဖိုင်တွေ (dependencies) အကုန်ပါနေပြီးဖြစ်တဲ့အတွက် အင်စတော်လာဖိုင် တစ်ခုထဲနဲ့ သွင်းဖို့ လုံလောက်ပါတယ်။ ဦးဘွန်တူးမှာတော့ မိမိ သွင်းလိုတဲ့ ဆောဖ့်ဝဲ package ကို သွင်းလိုက်ရုံနဲ့ မရပါဘူး။ အဲဒီ package က လိုအပ်တဲ့ အခြား software package တွေကိုလည်း သွင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ အချို့ ဆောဖ်ဝဲတွေကို အသုံးပြုဖို့ အခြားဆောဖ့်ဝဲ package လေး၊ ငါး၊ ဆယ်ခု လိုအပ်နေတဲ့အခါ လိုအပ်တဲ့ ဆောဖ့်ဝဲတွေ အားလုံးကို တစ်ခုချင်း လိုက်ဒေါင်းလုပ်လုပ်ပြီး သွင်းယူဖို့ဆိုတာ လက်ဝင်ပြီး အလုပ်ရှုပ်ပါတယ်။ ဒါကြောင့်လည်း ဦးဘွန်တူးက အင်တာနက် မရှိရင် သုံးရတာ အဆင်မပြေဘူး၊ ဆော့ဖ်ဝဲတွေ သွင်းရခက်တယ်လို့ ပြောကြတာပါ။
(ဒါပေမဲ့လည်း အင်တာနက် မရှိရင် ဦးဘွန်တူးမှာ ဆောဖ့်ဝဲတွေ လုံးဝ သွင်းလို့ မရတော့တာ မဟုတ်ပါဘူး။ ဦးဘွန်တူးမှာ အင်တာနက် မလိုပဲ ဆောဖ့်ဝဲတွေ သွင်းတဲ့နည်းကို ကျနော် နောက်နေ့ ရေးပါမယ်။)
ဆောဖ့်ဝဲ package တွေကို သွင်းပုံသွင်းနည်းကို မပြောခင်မှာ repositories တွေကို ဘယ်လို အသုံးပြုသလဲ ဆိုတာကို ပြောရအောင် ... အပေါ်မှာ ပြောခဲ့သလိုပဲ repository ဆိုတာ အင်တာနက်ပေါ်က ဦးဘွန်တူး ဆောဖ့်ဝဲတွေကို သိုလှောင်ပေးထားတဲ့ ဆာဗာတွေပါ။ repository တွေကို ပြောင်းချင်၊ ပြင်ချင်ရင် System >> Software Sources ကို သွားပါ။ လျှို့ဝှက်ကုတ်တောင်းရင် မိမိရဲ့ လျှို့ဝှက်ကုတ်ကို ရိုက်ထည့်ပေးလိုက်ပါ။ “Software Sources" ဆိုတဲ့ ဘောက်တစ်ခု ကျလာပါလိမ့်မယ်။
Canonical-supported Open Source Software ဆိုတာကဦးဘွန်တူးရဲ့ ကျောထောက်နောက်ခံကုမ္ပဏီ Canonical က ပံ့ပိုးကူညီထားပြီး ဝန်ဆောင်မူတွေ ပေးတဲ့ ဆောဖ့်ဝဲတွေပါ။ ၎င်းဆောဖ့်ဝဲတွေမှာ ပြဿနာတွေရှိခဲ့ရင် Canonical က တာဝန်ယူ ဖြေရှင်းပေးပါတယ်။
Community-supported Open Source Software ဆိုတာက ဦးဘွန်တူး အသုံးပြုသူတွေက ဝိုင်းဝန်ဖန်းတီးထားတဲ့ ဆောဖ့်ဝဲ package တွေပါ။
Proprietary drivers for devices ဆိုတာက ဟာဒ်ဝဲဒရိုက်ဗာ (driver) တွေပါ။ ဥပမာ - NVIDIA၊ ATI အစရှိတဲ့ ဂရပ်ဖစ်ကပ်တွေရဲ့ ဒရိုက်ဗာကို သွင်းချင်ရင် ဒါလေးကို ရွေးပေးဖို့ (check) လိုပါလိမ့်မယ်။
Software restricted by copyright or legal issues ဆိုတာက လိုင်စင်၊ patent တွေနဲ့ ငြိနေတဲ့ ဆောဖ့်ဝဲ package တွေကို ပြောတာပါ။ ပုံမှန်အားဖြင့်တော့ အဲဒီ လေးခုလုံးကို check လုပ်ထားသင့်ပါတယ်။
ပြီးတော့ Download from ဆိုတဲ့နေရာမှာ မိမိ နှစ်သက်ရာ repository ဆာဗာကို ရွေးနိူင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိမိနဲ့နီးတဲ့ နေရာမှာ ရှိတဲ့ ဆာဗာတွေကို ရွေးသင့်ပါတယ်။ ဒါမှ package manager က ဆောဖ့်ဝဲတွေ ဒေါင်းလုပ်လုပ်တဲ့အခါ ပိုပြီး မြန်မြန်ဆန်ဆန် ရှိမှာပါ။ "Other" ဆိုတာကို ရွေးလိုက်လို့ အသစ်ပေါ်လာတဲ့ Download Server from ဆိုတဲ့ဘောက်မှာ မိမိနှစ်သက်ရာ ဆာဗာကို နိူင်ငံအလိုက် ရွေးနိူင်သလို "Select Best Server" ဆိုတာကို နှိပ်လိုက်ရင် ၎င်းဆာဗာတွေအားလုံးကို စမ်းသပ်ပြီး မိမိနဲ့ အသင့်တော်ဆုံး ဆာဗာကိုလည်း သူ့အလိုလို ရွေးပေးပါလိမ့်မယ်။ "Protocol" မှာတော့ ftp သို့ http ကို ရွေးချယ်နိူင်ပါတယ်။ တစ်ချို့ ISP (Internet Service Provider) တွေ၊ Firewall တွေကftp ကို ဘလောက်လုပ်ထားကို သတိပြုပါ။
ဆောဖ့်ဝဲ repositories တွေကို ပြောင်းပြင်ပြီးရင် အဲဒီ ဆောဖ့်ဝဲ repositories တွေမှာ ရနိူင်တဲ့ ဆောဖ့်ဝဲ package တွေကို ပြန်စာရင်းပြုဖို့ လိုပါလိမ့်မယ်။ အဲဒီလို လုပ်ဖို့ Package Manager ကို အသုံးပြုနိူင်ပါတယ်။ Package Manager ကို System >> Administration >> Synaptic Package Manager ဆိုပြီး ဖွင့်နိူင်ပါတယ်။ ပြီးသွားရင် ဘယ်ဘက် အပေါ်အစွန်မှာ ရှိတဲ့ reload ဆိုတာကို နှိပ်လိုက်ရင် Package Manager က ရွေးချယ်ထားတဲ့ ဆောဖ့်ဝဲ repositories တွေက ရနိူင်တဲ့ ဆောဖ့်ဝဲ package တွေကို သူ့အလိုလို စာရင်းပြုလုပ်လိုက်ပါလိမ့်မယ်။
Package Manager က repositories တွေက ရနိူင်တဲ့ ဆောဖ့်ဝဲ package စာရင်းတွေကို ဒေါင်းလုပ်လုပ်ပြီးရင်တော့ မိမိအလိုရှိတဲ့ ဆောဖ့်ဝဲတွေကို ရှာဖွေ ရယူ အသုံးပြုနိူင်ပါပြီ။ မလိုအပ်တော့တဲ့ ဆောဖ့်ဝဲ package တွေကိုလည်း Synaptic Package Manager ကို အသုံးပြုကာ ထုတ်ပစ်နိူင်ပါတယ်။ Synaptic Package Manager ကို အသုံးပြုပုံ အသေးစိတ်ကိုတော့ အခြား ဦးဘွန်တူး ဆောဖ့်ဝဲ application များနည်းတူ F1 နှိပ်ပြီး (သို့) ညာဘက် ထောင့်စွန်းက Help >> Content ကို အသုံးပြုပြီး ဖတ်ရှုလေ့လာနိူင်ပါတယ်။
မှတ်ချက်။ ။ Application >> Ubuntu Software Center ကိုလည်း Synaptic Package Manager အစား အသုံးပြုနိူင်ပါတယ်။ ယခုလက်ရှိမှာတော့ Ubuntu Software Center က စမ်းသပ် အဆင့်သာ ရှိသေးတဲ့အတွက် Synaptic Package Manager လောက် ပြည့်ပြည့်စုံစုံ ချောချောမွေ့မွေ့ အသုံးပြုနိူင်ခြင်း မရှိသေးပါဘူး။

Subscribe to:
Posts (Atom)